Khit Thit သတင်းဌာန၏ ဇူလိုင် ၂၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၂၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မန္တလေးတိုင်းက စဉ့်ကူးမြိုနယ် တစ်ခုလုံးကို မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေက အပြည့်အဝ သိမ်းပိုက် ထိန်းချုပ်လိုက်ပြီး ၊ လက်နက်ခဲယမ်းအမြောက်အမြားကိုပါ သိမ်းဆည်း ရရှိထားတဲ့အပြင် စစ်သုံ့ပန်းတွေကိုလည်း ဖမ်းဆီးရမိထားတယ်လို့ မန္တလေး PDF ကနေ ဓါတ်ပုံတွေနဲ့တကွ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
-ချင်းပြည်နယ် ၊ ဟားခါးမြို့မရဲစခန်းကို ချင်းတော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်း တိုက်ခိုက် သိမ်းပိုက်မှုအတွင်း နိုင်ငံရေးအကျဉ်း သားတွေ အပါအဝင် အကျဉ်းသား ၆၂ ဦးကို ကယ်ထုတ်နိုင်ခဲ့ တဲ့အပြင် ၊ လက်နက် ၂၃ လက်ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ CDF Hakha တပ်မဟာ ၄ ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းညီနောင် မဟာမိတ်တပ်တွေ ထိုးစစ်ဆင်နေတဲ့ လာရှိုးမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနေရာကို မင်းအောင်လှိုင် ရဲ့ လူယုံ တပ်မ ၉၉ တပ်မမှူးဟောင်း ဗိုလ်မှူးချုပ် စိုးလှိုင်ကို အစားထိုးခန့်အပ်လိုက်ပြန်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
Негізгі бет Khit Thit သတင်းဌာန၏ ဇူလိုင် ၂၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
No video
Пікірлер: 636