Khit Thit သတင်းဌာန၏ ဇွန် ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၂၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ TNLA - PDF မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိထားတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ခမရ ၁၁၅ စခန်းကနေ လက်နက်ပေါင်း ၃၈၀ ကျော် နဲ့ ခဲယမ်းအမြောက်အများရရှိထားတယ်လို့ TNLA က ဓါတ်ပုံနဲ့တကွ သတင်းထုတ်ပြန်လိုက်ပါတယ်။
- ထိုင်း - မြန်မာ နယ်ခြားကော်မတီ အစည်းအဝေးကို မြိတ်မြို့မှာ ကျင်းပနေပြီး ၊ ထိုင်းစစ်တပ်က ဗိုလ်ချုပ်တွေ တက်ရောက်နေတဲ့အပြင် ၊ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို သင်္ဘောနဲ့ ရေလမ်း ခရီးကနေပဲ ကုန် သွယ်တဲ့ စနစ်ကို တရားဝင် ပြောင်းလဲလိုက်တယ်လို့ သိရပါတယ်။
- ကုလသမဂ္ဂ လုံခြုံရေးကောင်စီ နဲ့ နိုင်ငံတကာက စစ်ကောင်စီကို ထိရောက်တဲ့ အရေးယူမှုတွေ မရှိတဲ့အတွက် မြန်မာပြည်သူတွေဟာ ကြီးမားတဲ့ ဒုက္ခတွေကို ခါးစည်းခံနေရတယ်လို့ ကုလ သမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလ အစည်းအဝေးမှာ ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
Негізгі бет Khit Thit သတင်းဌာန၏ ဇွန် ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
Пікірлер: 730