Khit Thit သတင်းဌာန၏ မေ ၁၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၁၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြေပြန့်ဒေသ မဟာဗျူဟာထိုးစစ်စတင်တော့မှာဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ၊ လွတ်လပ်မှု၊ တရားမျှတမှု၊ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ရေး အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲတော့မယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တရားဝင်အသိပေး ပြောဆိုလိုက်ပါတယ်။
- မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း PDF စခန်းတစ်ခုကို လာရောက်စီးနင်းတဲ့ အကြမ်းဖက်စစ်သားတွေကို ခုခံတိုက်ခိုက်ရာ စစ်တပ်ဘက်က ၃၀ ကျော်သေဆုံးပြီး သေနတ် ၉ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောပါတယ်။
- ပြည်တွင်းစီးပွားရေးစျေးကွက်အတွင်း မြန်မာ့ရွှေစျေးမှာ အခေါက်ရွှေတစ်ကျပ်သား ငွေကျပ် သိန်း ၅၀ ကျော်မှာ ဆက်လက်တည်ရှိနေပြီး အရောင်းအဝယ်မှာလည်း ပုံမှန် ရောင်းသူ၊ ဝယ်သူနဲ့ အလုပ်ဖြစ်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
Негізгі бет Khit Thit သတင်းဌာန၏ မေ ၁၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
Пікірлер: 591