တချိန်က ကြော်ငြာဘုရင်မ ထက်ထက်မိုးဦးက #MizzimaTV နဲ့ တွေ့ဆုံရာမှာ သူ့ဘဝ တစိတ်တဒေသကို ဖွင့်ဟထားပါတယ်။ “ပရိသတ်ဆိုတာ ထက်ထက်ကို ချစ်နေတဲ့သူတွေ အကုန်လုံးက ထက်ထက်ရဲ့ ဘဝပါပဲ ဘာဖြစ်လို့လဲဆို ထက်ထက်ရဲ့ ဘဝလျှောက်လှမ်းဖို့ ထက်ထက်ကို အကုန်လုံးက အမာခံအနေနဲ့ အကုန်လုံးက ချစ်နေပေးတယ် ဘယ်နေရာပဲ ရောက်ရောက် ကိုယ့်ကို အားပေးနေကြတာဆိုတော့ ကိုယ့်ရဲ့အမှားတွေအတွက် ရှက်လည်း ရှက်မိတယ် စိတ်မကောင်းလည်း ဖြစ်မိတယ် ပရိသတ်တွေ အားလုံးကိုလည်း အမြဲတမ်း စိတ်ထဲမှာ တောင်းပန်တယ်။ ဒါပေမယ့် ဘဝတစ်ခုဆိုတာ လွယ်လွယ်နဲ့ မရခဲ့ပါဘူး။ ဒီလို အောင်မြင်ဖို့ဆိုတာ ဘဝတွေ အခက်အခဲတွေ အကြမ်းအတမ်းတွေကို မပေးဆပ်ချင်လည်း ပေးဆပ်ခဲ့ရတယ် မကျော်ဖြတ်ချင်လည်း ကျော်ဖြတ်ခဲ့ရတယ်” လို့ ပြောပါတယ်။ ဒီအစီအစဉ်ကို #MizzimaTV မှာ အပတ်စဉ် စနေည ၇း၃၀ မှာ ပြသလျက် ရှိပါတယ်။
- 6 жыл бұрын
ကိုယ့်ရဲ့အမှားတွေအတွက် ရှက်လည်း ရှက်မိတယ် စိတ်မကောင်းလည်း ဖြစ်မိတယ်ဆိုတဲ့ ထက်ထက်မိုးဦး
- Рет қаралды 351,629
Пікірлер: 173