ကြာဇံချက်-ချက်ရတာလွယ်ကူပါတယ် ပါဝင်ပစ္စည်းတွေကိုအဆင်သင်လုပ်ထားရမှာကသာအချိန်ယူရတာပါ အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် ကြက်ပြုတ်ရေထဲကို တခုပီးတခုထည့်လိုက်ရတာပါဘဲ, ဦးနိုင်ချက်တာကတော့ငါးကြင်းကိုပြုတ်ပီးအသားနွင်ထည့်တော့ပြစ်ပြစ်နှစ်နှစ်နဲ့စားလိုအင်မတန်ကောင်းပါတယ်
ဦးနိုင်လူပျိုဘဝကမွှေးနေ့နှစ်တိုင်လိုလိုလုပ်ဖြစ်တော့ သူငယ်ချင်းတွေတောင်းဆိုကြတာ ကြာဇံချက်နဲ့ကော်ရည်ပါဘဲ,ကြက်သားအပြင်းခြေထောက်,အတောင်ပံကြိုက်ရင်လည်းထည့်လိုရပါတယ်,ငါးဖယ်လေးလည်းလေးထောင့်တုံးလေးတွေလှီးထည့်ထားတော့စားလိုက်ရင်အလုတ်တိုင်းလိုလိုအသားဖတ်တွေကြီးပါဘဲ,ပန်းခြောက်ကတော့လုပ်ရတာကြာပေမဲ့ စားလို့အရသာရှိတော့ ချက်တိုင်းမပါမဖြစ်ပါဘဲ, ဘဲဥကိုလှီးထည့်တော့ဟင်းရည်ပြစ်တယ်အရောက်လှတယ် အရသာပိုရှိတယ်ပေါ့,အခုလိုမိုးရာသီမှာတော့ ရှောက်သီးသုပ်လေးနဲ့ဆိုလုံးဝကွက်တိပါဘဲ,နားမလည်တာရှိရင် cb မှာလာမေးဖို့ကြိုဆိုပါတယ်ဗျာ။
ပါဝင်ပစ္စည်းများ
-ပဲကြာဇံ = ၃၀သား
-ကြက်သားရင်ပုံ =၅၀ သား
-ငါးဖယ်ခြစ် =၁၅ကျပ်သား
-ငါးကြင်း =၃၀သား
-ငုံးဥ =၃၀ လုံး
-ဘဲဥ =၇လုံး
-ပဲလိပ် =၅ကျပ်သား
-ပန်းခြောက် =၁၀သား
-ကြွက်နားရွက်မှို =၅ကျပ်သား
-ကြက်သွန်နီ =၁၀လုံး
-ကြက်သွန်ဖြူ =၂လုံး အကြီး
-ဂျင်း =၂ဆစ်
-အရောင်တင်မှုန့် =၅ စားပွဲဇွန်း
-ကြက်သားမှုန့် =၅စားပွဲဇွန်း
-ငါးငံပြာရည် = ၅စားပွဲဇွန်း
-ဆား =၃စားပွဲဇွန်း
-သကြား =၃စားပွဲဇွန်း
-နနွင်းမှုန့် =၁ လက်ဖက်ရည်ဇွန်း
-ဆီ(ပုဇွန်နှစ်ကောင်)=၁၅ကျပ်သား
ဦးနိုင်ရဲ့ KZitem Channel ကို Subscribe လုပ်ပီး Notificationခေါင်းလောင်းလေးနှိမ့်သွားပေးကြပါလို့တောင်းဆိုချင်ပါတယ်ဗျာ။
Oo Naing အစားတလိုင်း_KZitem Channel
/ oonaingasartalinecooki...
Oo Naing အစားတလိုင်း_FaceBook Page
/ oonaingg
Oo Naing အစားတလိုင်း_Instagram page
/ oonaingasartaline
Oo Naing A Sar Ta Line ကိုဝင်ရောက်ကြည့်ရှု့သူပရိတ်သတ်များအားလုံးကျန်းမာချမ်းသာ ဘေးဘရာဝေးကွာကြပါစေဗျာ။
Негізгі бет ကြာဇံချက် (Glass Noodle Soup)
Пікірлер: 96