ငါးပိနဲ့ကြက်သားနဲ့ ရောချက်ထားတဲ့ ခပ်မြန်မြန်ချက်လု့ိရတဲ့ ကြက်သားငါးပိချက်လေးပါ။ ဒီ Recipe လေးက အကို Eant Wint Htut ချက်နည်းလေးအတိုင်း ချက်ထားတာဖြစ်ပြီး ထည့်တဲ့ အသီးအနှံတွေကတော့ အိမ်မှာ ရှိတာကိုပဲထည့်ပြီးချက်ထားလိုက်ပါတယ်။ ငါးပိနံ့မွှေးမွှေး၊ စပ်စပ်လေး နဲ့ ထမင်းစားမြိန်တဲ့ ဟင်းလေးတခွက်ပါ။
ကြက်သားကို ရိုးရိုးဆီပြန်ချက်စားတာရိုးလာရင် အခုလို ကြက်သားငပိချက်လေး ချက်စားလို့လည်း ကောင်းပါတယ်။
ကြက်သားငပိချက်ဗီဒီယိုကို အောက်ပါလင့်ကိုနှိပ်ပြီးကြည့်ရှုနိုင်ပါတယ်ခင်ဗျာ.
• ကြက်သားငါးပိချက် (Myan...
အရိုးထုတ်ထားတဲ့ကြက်ပေါင် -၃၅၀ ဂရမ် (၂၅ ကျပ်သား) ကို တကိုက်စာအရွယ်လေးတွေလှီးပြီး ကြက်သားနှပ်ပေးထားပါ . အောက်ပါ အရသာတွေကိုထည့်ပေးပါ။
ငရုတ်ကောင်းမှုန့်အမည်း - နည်းနည်း
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
ငရုတ်သီးမှုန့် - ထမင်းစားဇွန်း တဝက်
အချိုမှုန့် သို့ ကြက်သားမှုန့် - နည်းနည်း
ငါးငံပြာရည် - ထမင်းစားဇွန်း တဝက်
ထည့်ပြီးနှပ်ထားပေးပါ။
ကြက်သွန်ဖြူ - ၇ မွှာ ( နုတ်နုတ်စဉ်းထားပါ)
ကြက်သွန်နီ - ၃ လုံး (၂ လုံးကို နုတ်နုတ်စဉ်းပြီး ၁ လုံးကို ၄ ခြမ်းခြမ်းပြီး ခွာထားပေးပါ)
ရုံးပတီသီး - ၅ တောင့် (လှီးဖြတ်ထားပါ)
(ကြိုက်နှစ်သက်အရာ ပဲသီး၊ ခရမ်းကြွပ်သီး..)စတာတွေထည့်ချက်လည်းရပါတယ်။
ငါးပိ - ၁ ဇွန်း
ငရုတ်သီးစိမ်း - အစပ်ကြိုက်ရင် များများထည့်ပါ။ဒါမှ ပိုမွှေးမှာပါ။
ပထမဆုံး ဒယ်အိုးထဲ ဆီ ၂ ဇွန်းလောက်ထည့်ပြီး ကြက်သွန်နီ နုတ်နုတ်စဉ်းထားတာ ဆီသတ်ပေးပါ။ ကြည်ပြီးမွှေးလာရင် ကြက်သွန်ဖြူထည့်မယ်။ နနွင်းမှုန့် ထည့်မယ်။ ငရုတ်သီးမှုန့် ထည့်မယ်။ ဆီသတ်တာ မွှေးလာပြီဆိုရင် ပုဇွန်ငပိထည့်မယ်။ ငပိတွေ မွှေးလာပြီဆိုရင် နှပ်ထားတဲ့ ကြက်သားတွေကိုထည့်ပေးပါ။ ကြက်သားတွေ အရောင်ပြောင်းအောင် မွှေပေးပါ။ ကြက်သားတွေ အရောင်ပြောင်းမှ ငရုတ်သီးစိမ်းထည့်မယ်။ ကြက်သွန်နီ ၄ ခြမ်းခွဲထားတာထည့်မယ်။ ရုံးပတီသီးထည့်မယ်။ ခဏလေး မွှေပေးပြီးရင် ကြက်သားနူးဖို့ ရေအနည်းငယ်လေးထည့်ပါမယ်။ အဖုံးလေးအုပ်ပြီး ကြက်သားနူးပြီး ဆီကျန်ရေကျန်အနေအထားလေးဆိုရင် သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။
Негізгі бет ကြက်သားငါးပိချက် (Myanmar shrimp paste Chicken)
Пікірлер: 90