ကျိုက်ထီးရိုးတောင်ကို ဟိုးတုန်းက ခြေလျင်တက်ကြတယ်။ နောက်တော့ တောင်တက်ကားတွေ ပေါ်လာပြီး ကားနဲ့ တက်ကြတယ်။ အခုဆို ကေဗယ်လ်ကားတွေ ပေါ်လာပြီး ကေဗယ်လ်ကားနဲ့ တက်ကြပြန်တယ်။
ဒါပေမဲ့ ဟိုးကတည်းက တက်ခဲ့ကြတဲ့ ခြေလျင်ခရီးကလည်း တကျော့ပြန် သက်ဝင်ခေတ်စားလာပြန်တယ်။ အထူးသဖြင့် ကျန်းမာရေးကို အလေးထားတဲ့ တောင်တက်/အပြေး/လမ်းလျှောက် စတဲ့ လှုပ်ရှားမှုအသားပေး အားကစားဝါသနာရှင် လူငယ်တွေ ကြားမှာပေါ့....
အဆီအဆိမ့်တွေစားတာများပြီး ကိုယ်လက်လှုပ်ရှားမှုနည်းပါးလာတဲ့ လုပ်ငန်းခွင်အနေအထားတွေကြောင့် ခုခေတ်လူငယ်တွေ သိပ်ပြီး သက်လုံမကောင်းကြတော့ဘူး။ ဒီလို အားကစားနည်းတွေ ပေါင်းစပ်ပါဝင်နေတဲ့ ခရီးစဉ်တွေဟာ လူငယ်တိုင်းကို ကျန်းမာသန်စွမ်းမှု ပြန်လည် ပေးစွမ်းနိုင်ပါတယ်။ ကျိုက်ထီးရိုးတောင်တက်ခရီးစဉ်ဟာ ကျန်းမာရေးအတွက်သာမကဘူး ဘုရားဖူးခရီးစဉ်လည်းဖြစ်တဲ့အပြင် ရှေးတုန်းက အယူအဆအရ လမ်းလျှောက်ဘုရားဖူးခြင်းဟာ ကုသိုလ်ပိုရတယ်ဆိုတဲ့အတိုင်း အကျိုးအမြတ်တွေ အများကြီးရစေတဲ့ ခရီးစဉ်လေး ဖြစ်စေမှာ အသေအချာပါပဲခင်ဗျာ...
ကျိုက်ထီးရိုးတောင်တက်ခရီးစဉ်နဲ့ ပတ်သက်ပြီး စာနဲ့ ပုံကြည့်ချင်ရင်လည်း မကြာသေးခင်က တင်ဆက်ထားလို့ ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ ဒီ ခရီးသွား Vlog လေးကနေတဆင့်လည်း လက်တွေ့မြင်ကွင်းတွေကို ခံစားနိုင်ဦးမှာ ဖြစ်ပါတယ်ခင်ဗျာ...
ချစ်ခြင်းတွေနဲ့
သီဟလုလင် (Thiha, the Traveller)
Негізгі бет ကျိုက်ထီးရိုးတောင် ခြေလျင်တက်ကြမယ်လေ
Пікірлер: 28