ကျနော့်ရှေ့မှာတင် သတ်ပစ်ပြီး ဓာတ်ဆီလောင်းပြီး မီးရှို့လိုက်တာ (ရုပ်/သံ)
ဧရာဝတီ၊ ဧပြီ ၄၊ ၂၀၂၃
အာဏာသိမ်း စစ်တပ်ဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ အရပ်သားပြည်သူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေသလို ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာတွေ လုပ်ဆောင်နေပါတယ်။
လူသားဒိုင်းအဖြစ် မအဖမ်းခံခဲ့ရသူတွေဟာ စစ်မြေပြင်မှာအာဏာသိမ်း စစ်ကြောင်းရဲ့ရှေ့ကနေ ကျည်ကာ၊ မိုင်းကာ သားကောင်အဖြစ် သွားခိုင်းခံရသလို စစ်သားတွေရဲ့လက်နက်နဲ့ ရိက္ခာတွေသယ်ပိုးရတာ၊ လမ်းပြရတာတွေ လုပ်ကြရပါတယ်။
ပြည်သူလူထုရဲ့ လက်နက်စွဲကိုင်တော်လှန်မှုကြောင့် လုံခြုံမှုမရှိတော့တဲ့ အာဏာသိမ်း စစ်တပ်ဟာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ခတ်တာ၊ မိုင်းဆွဲတိုက်ခိုက်တာတွေ မလုပ်ရဲအောင် အရပ်သားတွေကို အကာအကွယ်ယူဖို့ လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီးအသုံးပြုနေကြတာဖြစ်ပါတယ်။
Негізгі бет ကျနော့်ရှေ့မှာတင် သတ်ပစ်ပြီး ဓာတ်ဆီလောင်းပြီး မီးရှို့လိုက်တာ
Пікірлер: 585