“ ကြိုးကြာသံ “
ရေး - ကိုမောင်မောင်
ဆို - ခင်မောင်တိုး
Album - ကြိုးကြာသံ (၁၉၈၆)
“ မိုးဦးဝင်ရောက်လာတဲ့အခါ
ရိုးမပေါ်ဖြတ်ပျံရင်း
မြောက်ဘက်ကိုဦးတည်လှည့်ကာ
သားပေါက်ရာအရပ်ဆီ
မိုင်ထောင်ချီပြန်လေပြီ
ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီးစဉ် “
“ မျိုးဆက်ရဲ့အားမာန်တစ်ခုပါ
လမ်းကြောင်းမှန်ရွေးချယ်ခြင်း
အများနည်းတူ သက်လုံမကောင်းရင်
မွေးဖွားရာအရပ်ဆီ
မိုင်ထောင်ချီပြန်နေရင်း
ကြိုးကြာငှက်တချို့လေ ချီလာစဉ်ကျန်ရစ်ပြီ “
“ ဆုံးဖြတ်ချက်တစ်ခုကျမယ့်
အရှုံးနဲ့အောင်မြင်ခြင်းဟာ
ရှိသင့်တဲ့အားနဲ့မာန် ဟန်နိုင်မှ “
“ ရိုးမပေါ်ဖြတ်ကျော်လွှားချိန်
စီးလမ်းလေကြောင်းလွှာထဲ
ချဉ်းနင်းဝင်ရောက်လာပြီးရင်
အားစိုက်မျှောလိုက်နဲ့
မိုင်ထောင်ချီပြန်နေပြီ
ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီးစဉ် “
#yfsbicv #KhinMaungToe
Негізгі бет ကြိုးကြာသံ - ခင်မောင်တိုး
Пікірлер: 1