ရှမ်းမြောက်၊ ကျောက်မဲမြို့ကို စစ်အုပ်စုက မနေ့ည သန်းခေါင်ချိန်မှာ ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့နေအိမ် ၂၀နီးပါး ပျက်စီးခဲ့ရတယ်လို့ TNLAက ထုတ်ပြန်ပါတယ်။
စစ်အုပ်စုက ကျောက်မဲမြို့ ၊ ရပ်ကွက်(၁)ရှိ One Love Hotelအနီးကို ဇွန်လ ၃၀ရက် ည (၁၂) နာရီဝန်းကျင် အချိန် မှာ လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"စစ်ကောင်စီတပ်မှ ပေါင်(၅၀၀)ဗုံး ကြဲချမှုကြောင့် ကျောက်မဲမြို့ ရပ်ကွက်(၁)ရှိ One Love Hotel ၊ ပင်လုံလမ်းမ အနီးရှိ ကမ္ဘောဇရှမ်းဘုန်းကြီးကျောင်းဆောင်နှင့် ဒေသခံ နေအိမ်(၂၀) နီးပါး ပျက်စီးခဲ့ရသည်။" လို့ TNLA က ထုတ် ပြန်ဖော်ပြပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် One Love Hotel အနီး ဂိုဒေါင်နေအိမ်(၁)ခုမှာနေထိုင်နေတဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရ သေဆုံးခဲ့တဲ့အတွက် အဆိုပါအမျိုးသမီးရဲ့ အလောင်းကို သွားရောက်ကောက်ယူပြီး အေးချမ်းသာ သု ဿန်ကို ပို့ဆောင်သင်္ဂြိုဟ်ကူညီပေးခဲ့တယ်လို့ နမ့်ခုံးရှမ်းများပရဟိတအသင်း ကျောက်မဲအသင်းခွဲက ဆိုပါတယ်။
"မနေ့ညက ဗုံးကွဲတာ။ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲတာ မိန်းမတစ်ယောက် ထိသွားတာပေါ့နော်။အဲဒါ ဒီနေ့မနက်မှ တွေ့ရတာပေါ့ " လို့ အဆိုပါ ကျောက်မဲအသင်းခွဲ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒါအပြင် မနေ့က မနက်ပိုင်းမှာလည်း စစ်အုပ်စု ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကျောက်မဲမြို့၊ ရပ်ကွက် (၉)ရှိ ဆီ ဆိုင်တစ်ဆိုင်ကို ဗုံးကျရောက် ပေါက်ကွဲသဖြင့် မီးလောင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
လက်ရှိမှာ TNLA က ကျောက်မဲမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် စစ်အုပ်စုရဲ့ ခမရ တပ်ရင်း (၅၀၁) နဲ့ (၅၀၂) ကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
ဇွန် ၂၅ရက်က စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) ၆ရက်တာ တိုက်ပွဲအတွင်း စစ်အုပ်စုရဲ့ လေကြောင်း တိုက် ခိုက်မှုနဲ့ လက်နက်ကြီးဘေးဒဏ်ကြောင့် ဒေသခံ ၃၀ နီးပါး သေဆုံးခဲ့ပါတယ်။ မြို့ပေါ်တိုက်ပွဲ ပြင်းထန်နေလို့ ထွက် ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ၂၀၀၀ ဝန်းကျင်အထိရှိလာတယ်လို့ ဆိုပါတယ်။
ပုံစာ ။ စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့တဲ့ အပျက်အစီးနဲ့ သေဆုံးခဲ့သူကို တွေ့ရစဉ်။
ဓာတ်ပုံ။ TNLA/ နမ့်ခုံးရှမ်းများပရဟိတအသင်း ကျောက်မဲအသင်းခွဲ
Негізгі бет ကျောက်မဲမြို့ကို စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ၊ နေအိမ် ၂၀နီးပါးပျက်စီး၊
Пікірлер: 6