၅ ရက်တာ ရှိလာပြီဖြစ်တဲ့ ကျောက်မဲမြို့မှာ တိုက်ပွဲ ဆက်ဖြစ်နေပြီး မြို့ကို တအာင်းတပ်က ထိန်းချုပ်ထားနိုင်ပေမဲ့ စစ်ကောင်စီရဲ့ ၅၀၁၊ ၅၀၂ တပ်မှာတော့ တိုက်ပွဲ ဆက်ဖြစ်နေပါတယ်။
တိုက်ပွဲ ဖြစ်နေစဉ် မြို့တွင်းထဲ စစ်တပ်က လက်နက်ကြီးနဲ့ လေယာဉ်ကနေ ဗုံးကြဲနေပြီး အဲဒီဗုံးကြဲမှုနဲ့ လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ၃၀ ထက်မနည်း ရှိလာပြီလို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
လေယာဉ် ဗုံးကြဲမှုနဲ့ လက်နက်ကြီး ကျရောက်မှာကို စိုးရိမ်လို့ ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
မြေပြင်အခြေအနေကို မိုင်းအနိုင်နဲ့ မိုင်းပန်ပျော်က ရိုက်ကူးတင်ဆက်ပေးထားပါတယ်။
Негізгі бет ကျောက်မဲမြို့တိုက်ပွဲ နောက်ဆုံး အခြေအနေ- SPM News
Пікірлер: 141