လက်ထပ်ပန်းတွေပွင့်ခဲ့ပါပြီနော်
■ ငြိမ်းကျော်
စာဖတ်သူ - ဂျူလိုင်
(၁)
“ ဘယ်တော့လောက် လက်ထပ်မယ်လို့ မောင်မှန်းထားသလဲဟင် ”
ရန်ကင်းကောလိပ်ပရ၀ဏ်မှအထွက်တွင် နွဲ့က ကျွန်တော့်ကို မေးသည်။ ကားလမ်း ဖြတ်ကူးရန်စောင့်နေစဉ် နွဲ့သည် ကျွန်တော့်အဖြေကို စောင့်နေ၏။ လမ်းတစ်ဖက်သို့ ကူးပြီးတော့မှ…
“ ဘွဲ့ရပြီးရင် လက်ထပ်ကြတာပေါ့ နွဲ့ရယ်၊ မောင်လည်း အလုပ်အကိုင်လေး ကြိုပြီးရှာထားမယ်လေ ”
ကျောက်ကုန်းဘက်သို့တက်ရာ လမ်းသွယ်ပေါ်သို့ အတူတူခြေဦးတည်ကြသည်။ မြေနီလမ်းသည် ပြေပြေမြင့်တက်သွားသည်။ လမ်းဘေးနှစ်ဖက်ရှိ ဝါးရုံတို့သည် ကိုင်းနေကြသည်။ ဆောင်းရွက်များ ရင့်နေကြသည်။ ကြွေမည့်အရောင် ရှိနေကြသည်။ သစ်ပင်သစ်ရွက်တွေမှာ ဖုန်မှုန့်တွေ တင်နေကြသည်။
“ အိမ်ထောင်ရေးဆိုတာ အတော်မလွယ်တာပဲနော် မောင် ”
လှမ်းမြင်နေရသော လက်ဖက်ရည်ဆိုင်ကို နွဲ့ကကြည့်ပြီး သက်ပြင်းချသည်။ နွဲ့ကို ကျွန်တော်ကြည့်သည်။ ငွေရိုးတပ်ပုသိမ်ထီးကြီးကို ဘယ်လက်တွင် ပြောင်း၍ကိုင်သည်။ ထီးရိပ်သည် နှစ်ယောက်အတွက် မလုံ့တလုံ။ နွဲ့သည် ကျွန်တော့်ကို လှည့်ကြည့်ပြီး ပြုံးသည်။ နွဲ့၏အပြုံးသည် နွဲ့၀တ်ထားသော ရိုဘီယာရှံသားကဲ့သို့ ဖြူစင်နေသည်။ သူ့အပြုံးတွင် သူ၏အချစ်ကို မြင်ရလေသည်။
“ အခုရုံးတက်လက်ထပ်၊ အခုအကြင်လင်မယား ဖြစ်တော့ဖြစ်တာပေါ့၊ အိမ်ထောင်ရေးဒုက္ခတွေ မရှိတဲ့သူရယ်တော့ ရှိမှမရှိတာ။ အိမ်ထောင်ဒုက္ခ အနည်းဆုံးဖြစ်အောင် မောင်တို့ကြိုးစားချင်တယ် ”
လက်ဖက်ရည်ဆိုင်တွင် ရှေ့ရေးကိုဆွေးနွေးကြသည်။ တစ်နာရီကျော်မျှ ဆွေးနွေးကြသောအဖြေသည် နှစ်ဦးစလုံးပညာကြိုးစားရန်၊ တစ်နှစ်မကျ အောင်ရန်၊ နောက်ဆက်တွဲ ဇွန်စာမေးပွဲဖြေရသည်အထိ အချိန်မကုန်ရန်၊ ဘွဲ့ရလျှင် နှစ်ဦးစလုံး အလုပ်အကိုင်အမြန်ရှာဖွေရန်။
ကျွန်တော်တို့ စကားပြောရင်း ကြည်နူးကြသည်။
• လက်ထပ်ပန်းတွေပွင့်ခဲ့ပ...
#ဝတ္ထုတို #မြန်မာဝတ္ထု #ဒို့အညာ #ငြိမ်းကျော် #ဂျူလိုင်
#DohAhNyar #တို့အညာ #Audiobooks
Негізгі бет လက်ထပ်ပန်းတွေပွင့်ခဲ့ပါပြီနော် / ငြိမ်းကျော်
Пікірлер: 74