■ လားရှိုး (ရမခ) အပြီးသိမ်းပိုက်လိုက်ခြင်းဟာ ပြီးပြည့်စုံတဲ့အောင်ပွဲလို့ MNDAA ကြေညာ
-----
The Mindat Post
ဩဂုတ် ၃၊ ၂၀၂၄
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဩဂုတ် ၃ ရက်နေ့လယ် ၁၂ နာရီ မိနစ် ၂၀ မှာ အပြီးသ၊တ်သိမ်းပိုက်ရရှိတယ်လို့ MNDAA ဘက်က ဓာတ်ပုံနဲ့တကွ ကြေညာလိုက်ပါတယ်။
လားရှိုးစစ်ဆင်ရေးဟာ ကိုးကန့်တပ်အတွက် ပြီးပြည့်စုံတဲ့ အောင်ပွဲလို့လည်း ဆိုပါတယ်။
လားရှိုးမှာ နှစ်ဖက်တို၊က်ပွဲပြင်းထန်တာ ၁ လဝန်းကျင်အထိရှိခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ကုန်းကြောင်း၊ လေကြောင်းကနေ အပြင်းအထန် ခုခံခဲ့တာပါ။
စစ်ကောင်စီဘက်ကတော့ လားရှိုး (ရမခ) နဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာမျိုး မရှိသေးသလို မြန်မာ့စ၊စ်တပ်သမိုင်းတလျှောက် တိုင်းစစ်ဌာနချုပ်ကြီးတခု ပထမဆုံးကျဆုံးမှု ဖြစ်တယ်လို့လည်း သိရပါတယ်။
------
ပုံစာ - လားရှိုး (ရမခ) အား ယနေ့ သိမ်းပိုက်ကြောင်း ထုတ်ပြန်စဉ်။ [ဓာတ်ပုံများ - 果敢资讯网]
The Mindat Post ၏ သတင်းများကို အောက်ဖော်ပြပါ လူမှုကွန်ရက်များတွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။
Telegram - t.me/MindatPost21
X (Twitter) - x.com/MindatPost
KZitem - / @themindatpost1129
Website - www.mindatpost.com
Негізгі бет လားရှိုး (ရမခ) ကို MNDAA နဲ့မဟာမိတ် တပ်တွေက သိမ်းပြီးနောက် မြင်ကွင်းများစုစည်းမှု
Пікірлер