လားရှိုးမြို့ကနေ ဘယ်လိုစစ်ပြေးလာရသလဲ
…………
ဇူလိုင် ၃ ရက်က စခဲ့တဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲ တစ်လနီးပါး ကြာလာပြီးတဲ့နောက် လားရှိုးမြို့ပေါ် နေရာအများစုကို ကိုးကန့်တိုင်းရင်းသားတပ် MNDAA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး မြို့အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေကို စတင် လုပ်ကိုင်နေပြီလို့ ဇူလိုင်လ ၂၇ရက်က ထုတ်ပြန်ခဲ့ပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာချုပ် (ရမခ) အခြေစိုက် မြို့ကို အပြီးသတ်သိမ်းနိုင်ဖို့ အတွက် တိုက်ပွဲတွေ ဆက်ရှိနေသေးပြီး လားရှိုးလေယာဉ်ကွင်း အပါအဝင် မြို့နေရာအများအပြားကို MNDAA ကိုးကန့်တပ်က ထိန်းချုပ်ထားပြီလို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုးမြို့နယ်မှာ လူဦးရေ ၃သိန်း ၃သောင်းနီးပါး နေထိုင်တယ်လို့ ၂၀၁၄သန်းခေါင်စာရင်းအရသိရပြီး တဝက်ကျော်ဟာ မြို့ ပေါ်မှာ နေထိုင်ကြတာပါ။ မြို့အနီးအနားအထိ တိုက်ပွဲတွေရောက်လာချိန်မှာတော့ ဒေသခံအများစု မြို့ကို စွန့်ခွာခဲ့ကြပါတယ်။
လားရှိုးမြို့ခံ ရပ်ကွက် ၅မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦး နဲ့ MyanmarNow က အဆက်အသွယ်ရခဲ့ပြီး သူမဟာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ရက်နေ့ကမှ မြို့ကို စွန့်ခွာလာခဲ့တာပါ။
လားရှိုးမြို့မှာ တိုက်ပွဲတွေ ဘယ်လို ဖြစ်နေသလဲ ၊ တိုက်ပွဲတွေကြားကနေ ဒေသခံ တွေ ဘယ်လို ထွက်ပြေးလာရ သလဲ ၊ MNDAA နဲ့ စစ်ကောင်စီတပ်ကြား ဘယ်လိုရင်ဆိုင်နေကြသလဲ ဆိုတာကို လားရှိုးမြို့ခံ အမျိုးသမီးက Myanmar Now ကို ပြောပြထားပါတယ်။
Негізгі бет လားရှိုးမြို့ကနေ ဘယ်လိုစစ်ပြေးလာရသလဲ
Пікірлер: 37