လောကကြီးထံကကောင်းမွန်မှုတွေကိုရယူပြီးတော့ ကိုယ့်ရဲ့စိတ်တွင်းအညစ်အကြေးတွေကိုဖယ်ထုတ်တဲ့လေ့ကျင့်ခန်းဟာ အကျိုးများပြီး တတိယမျက်လုံးစွမ်းအင်ရရှိစေဖို့အတွက် အရေးကြီးတဲ့ကျင့်စဉ်တစ်ခုဖြစ်ပါတယ်။
တရားထိုင်သလိုပဲ သက်သောင့်သက်သာ တင်ပ္ပလင်ခွေပြီး ထိုင်ပါမယ်။ခြေထောက်တွေကို မထပ်ပါနဲ့နော်၊ လက်တွေကို အဆင်ပြေသလို ထားပါ။ မျက်လုံးလေးမှတ်ပါမယ်နော်။ ဗီဒီယိုထဲက အသံကိုနားထောင်ပြီး လေ့ကျင့်ရမှာဖြစ်ပါတယ်။ ဗီဒီယို အဖွင့်ခင်မှာ ဖြည့်ပြီး ပြောချင်တာ ရှိပါတယ်။
(၁)ပထမဦးစွာ ပတ်ဝန်းကျင်မှ ဆူညံသံများ မကြားနိုင်သည့် တိတ်ဆိတ်ငြိမ်သက်သည့် နေရာတစ်ခုကို ရွေးချယ်လိုက်ပါ။
ဗီဒီယိုကို မဖွင့်ခင်မှာ ဒီစာလေး (၁)ကို ကုန်အောင်အရင်း ဆုံးဖတ်ထားပေးပါနော်။
(၁) တရားထိုင်သလို ထိုင်ပြီး အရင်ဆုံး အသက်ရှူလေ့ကျင့်ခန်းမလုပ်ခင်မှာ အကြောလျော့ပါမယ်နော်။ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဆီကနေ အကြောတွေဖြေလျော့ပါမယ်နော်။ဘယ်လိုအတွေးကိုမဆိုလက်မခံဘဲနဲ့ အသံကိုပဲနားထောင်ပြီး အကြောလျော့ပေးပါ။ဦးခေါင်းအထက်မှ ခြေဖျားအဆုံးအထိ အကြောအချဉ်များ ကိုလည်းဖြေလျော့ထားပါ။ နားက အသံကို နားထောင်ပေးပါ။
အသက်ရူတဲ့နေရာမှာ ဖြည်းဖြည်းခြင်း ရူသွင်းမယ်..ပြီးရင် ချက်ခြင်း မထုတ်ဘဲနဲ့ ၃ စက္ကန့်ကနေ ၅ စက္ကန့်ထိ ထိန်းထားတယ်၊ပြီးမှ လေကိုပြန်ထုတ်ပါမယ်နော်။အဲဒါက အရေးကြီးပါတယ်။
အသက်ရူတဲ့အချိန်မှာ လောကကြီးရဲ့ ကောင်းမွန်ခြင်းတွေ၊အောင်မြင်ခြင်းတွေ၊ချစ်ခြင်းတရားတွေ ကိုယ့် ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွားပြီလို့တွေးရပါမယ်။ အဲဒီအတွေး တွေးသလို။ ကိုယ်ရူသွင်းလိုက်တဲ့ လေတွေထဲမှာ လောကကြီးရဲ့ ကောင်းမွန်ခြင်းတွေ၊အောင်မြင်ခြင်းတွေ၊ချစ်ခြင်းတရားတွေ ပါလာပြီးတော့ ကိုယ့်ခန္ဓာကိုယ်ထဲကို သွေးကြောလေးတွေအနှံ့စိမ့်ဝင်သွားပြီ ဆိုတာကို ခံစားပါမယ်နော်...။ အနည်းဆုံး ၃ စက္ကန့်လောက်ထိ ထိန်းထားမယ်။
ပြီး၇င် လေကို ပြန်ထုတ်ပါမယ်။ လေကို ပြန်ထုတ်တဲ့အခါမှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်တွင်းက ၊အဆိပ်အတောက်ဖြစ်စေတဲ့ အတွေးတွေ၊ကျန်းမာရေးကိုထိခိုက်စေတဲ့မကောင်းသောအညစ်အကြေးတွေအားလုံး ထွက်သွားပြီဆိုတာကို တွေးပြီး ဖြည်းဖြည်းခြင်း ထုတ်ပါမယ်နော်။ ထုတ်ပြီးရင်လည်း အနည်းဆုံး ၃ စက္ကန့်လောက်ထိ ထိန်းထားမယ်။
ပြီးမှ ပြန်ရူပါမယ်နော်၊ နားကနေနားထောင်မယ်။ စိတ်က တွေးမယ်၊ အသက်ရူထုတ်တာကို လောကကြီးရဲ့ ကောင်းမွန်ခြင်းတွေ၊အောင်မြင်ခြင်းတွေ၊ချစ်ခြင်းတရားတွေ ပါလာပြီးတော့ ကိုယ့်ခန္ဓာကိုယ်ထဲကို သွေးကြောလေးတွေအနှံ့စိမ့်ဝင်သွားပြီ ဆိုတာကို ခံစားပါမယ်၊ အဲလိုပဲ စွန့်ထုတ်တာကိုလည်း ကျွန်မ ပြောတဲ့အတိုင်းပဲ လုပ်ပါမယ်နော်။
လေ့ကျင့်ပြီးသွားပြီဆိုရင်တော့ တကယ်ပဲ ကိုယ့်ရဲ့ကိုယ်တွင်းကို ကောင်းမွန်ခြင်းအောင်မြင်ခြင်းတင့်တယ်ခြင်းတွေရောက်ရှိလာပြီးမကောင်းတာတွေ မကောင်းတဲ့အဆိပ်အတောက်တွေထွက်သွားပြီလို့ လက်ခံယုံကြည်ရပါမယ်။
အဆင်သင့်ဖြစ်ရင် မျက်လုံးကိုမှိတ်ထားပြီး အကြောလျော့တဲ့ လေ့ကျင့်ခန်းကို လုပ်ဆောင်ဖို့အတွက် ဖုန်းထဲက ကျွန်မရဲ့ယူကျု့ကဗီဒီယိုဖိုင်ကို ဖွင့်ရပါမယ်။ နားကြပ်ဖြင့် နားထောင်လို့ရပါတယ်။ ထိုထဲမှ အသံကို နားထောင်ပြီး လေ့ကျင့်ရမှာဖြစ်ပါတယ်။ စုစုပေါင်း မိနစ် ၂၀ ခန့် အချိန်ရှိပါတယ်။
ကဲ ကျမရဲ့ ဗီဒီယိုကိုဖွင့်ပြီး လိုက်ပြီး လေ့ကျင့်ရပါစို့နော်။
(၂)ယူကျူ့က ကျွန်မရဲ့ ဗီဒီယို လမ်းညွှန်မှုကို ကြည့်ရှု့ပေးဖို့ လင့်ကိုနှိပ်ပါ။
• လောကကြီးထံမှကောင်းမွန်...
ဒီလေ့ကျင့်ခန်းဟာ ဒီနေ့အတွက်အရေးကြီးသောလေ့ကျင့်ခြင်းရဲ့ အစဖြစ်ပါတယ်။ အချိန်ရမယ်ဆို၇င်တော့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လေ့ကျင့်ပေးပါလို့ တိုက်တွန်းချင်ပါတယ်။
(ကျမအနေနဲ့ ခုလို ကာလတွင်းမှာ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားဖို့နဲ့နည်းပညာကိုသေသေချာချာ စနစ်တကျနဲ့လုပ်ဆောင်ဖို့အခက်အခဲရှိနေတဲ့အတွက်ရှိတာလေးနဲ့ပဲ ဗီဒီယိုကို အဆင်ပြေအောင်လုပ်ပေးနေရလို့ အသံကွာလတီနဲ့ဗီဒီယိုဖိုင်ရဲ့ ကွာလတီကတော့ သိပ်မကောင်းပါဘူး။ စိတ်တိုင်းလည်းမကျမိပါဘူး။ ခုထက်ပိုပြီးြ့ပည့်စုံကောင်းမွန်အောင်လုပ်ပေးချင်ပေမဲ့ ခက်ခဲတဲ့ကာလဖြစ်နေလို့ပါနော်၊ နားလည်ပေးပါ)
(၃)တတိယမျက်လုံးအား စတင်အသုံးပြုခြင်း
ဒုတိယလေ့ကျင့်ခန်းကိုလေ့ကျင့်ပြီးသည်နှင့် မှန်ရှေ့သို့သွားရောက်ပြီး မိမိ၏ တတိယမျက်လုံးနေရာကို မျက်လုံးနှစ်လုံးခြား မျက်ခုံး၏ အထက်နေရာတွင် တတိယမျက်လုံးရှိသည့် နေရာကို သေချာမျက်လုံးနှစ်လုံးဖြင့် စူးစိုက်ပြီးကြည့်ပါ။မျက်ကြောများအောင့်လာတတ်ပါတယ်။ သို့သော် ကြည့်ရပါမယ်။ စိုက်စူးစိုက်မြဲမြံခြင်းဟာ စိတ်တန်ခိုးရရှိဖို့အတွက် အရေးကြီးသော ကျင့်စဉ်တစ်ခုဖြစ်တဲ့အတွက် ဒီကျင့်စဉ်ကိုလည်း လုပ်ဆောင်ပေးဖို့ လိုပါတယ်။
မိမိ ရဲ့ တတိယမျက်လုံး ပွင့် စေ ဖို့ ဆို ထို တတိယ မျက်လုံး ကို စိတ်ဓာတ်အင်.အား နဲ ဖွင့် ရ ပါတယ်....ဒါကြောင့်တတိယမျက်လုံးကို တကယ့်မျက်လုံးတစ်လုံးရောက်နေပြီ ရှိနေပြီဆိုတာကို အသိအမှတ်ပြုပြီး မျက်လုံး နှစ် ဖက် လုံးပူး ၍ ကြည့် ပါ....စူးစူးစိုက်စိုက် ကြည့် ပါ....။ ကြည့်ရင်းနဲ့ ပါးစပ်က ပြောပါ။
"ဒီနေ့က စပြီးငါရဲ့ တတိယ မျက်လုံး ပွင့်ပြီ၊ ငါရဲ့ တတိယ မျက်လုံး ပွင့်ပြီ၊
ငါရဲ့ တတိယ မျက်လုံး ပွင့်ပြီ၊" အဲလို ပြောရင်း ကြည့်ပါ။ ပါးစပ်ကလည်း ဖြေးဖြေးခြင်း ပြောပါ။ အရေးကြီးတာက မျက်လုံးအကြည့်မလွဲဘဲနဲ့. စူးစိုက်ပြီး ကြည်ပနိုင်ဖို့ပါပဲ။ ခက်ပါတယ်။ ဒါပေမဲ့ ရပါလိမ့်မယ်နော်။
ကြည့်တဲ့ အချိန် ကြာ လာတာနဲ့ အမျှ ထို နေရာ မှာ အင်.အား တစ်ခု စူးစိုက် မိ နေ သလို ခံစား ရ လာပါ လိမ့်မယ်....မျက်လုံး များကို လွဲမပစ် ပါ နဲ့....ဆက် ၍ စူးစိုက် ကြည့် ပါ.... မျက်တောင်မကြာ ခဏ မခပ်ပါနဲ့ ၊ စူးစိုက်မှုအား ကောင်းလာပါ့မယ်နော်။
ပထမနေ့မှာ ၃ မိနစ် တိတိကြည့်ပါ။ ၃ မိနစ်ကို ဘေးမှာ ဖုန်းကို ၃ မိနစ် Alarm ပေးပြီး သေချာ ဆောင်ရွက်ပေးဖို့ တိုက်တွန်းပါရစေ။
(ပြီးရင်တော့မျက်လုံးအပေါ်က နဖူးပြင်ကို လက်နဲ့သေချာဖြန့်ပေးပါနော် ကျမလို နဖူးပေးမှာ လိုင်း၂ လိုင်းပေါ်ပြီး အရုပ်ဆိုးကုန်ကြမှာ စိုးလို့ပါနော်)
ဒီကျင့်စဉ်တွေကတော့ နေ့စဉ်လေ့ကျင့်ရမှာဖြစ်တဲ့အတွက် အချိန်မှန်မှန်လေ့ကျင့်နိုင်ရင်တော့ ပိုကောင်းပါတယ်ရှင်။
မေတ္တာဖြင့်
Негізгі бет လောကကြီးထံမှကောင်းမွန်ခြင်းစွမ်းအင်တွေရယူပြီး၊စိတ်အညစ်အကြေးများအားစွန့်ထုတ်ခြင်းဆိုင်ရာလေ့ကျင့်ခန်း
Пікірлер: 90