လိပ်ပြာကူးထူးခြားသူများ - အကယ်ဒမီမြင့်မြင့်ခင် (အပိုင်း၃)
အန်တီဘေဘီတို့ခေတ်က ဇာတ်ကိုရော၊ ဇာတ်ညွှန်းကိုရော တစ်ခုလုံးကျေကျေညက်ညက်သိနေ၊ ရနေတယ်
အဲဒီတော့ ကိုယ်တွေက ရှေ့မှာ ဘာဖြစ်မယ်၊ နောက်မှာဘာဖြစ်မယ်ဆိုတာသိတော့ ကိုယ့်သရုပ်ဆောင်မှူကို ဘယ်လောက်ထိ
တင်မယ်၊ ဘယ်လောက်ပဲ လုပ်မယ်ဆိုတာ ချိန်လို့ရတယ်၊
ဒီဘက်ခေတ်မှာ တစ်ချို့က ဇာတ်ညွှန်းကို ရိုက်ကွင်းပေါ်ရောက်မှ လုပ်ကြတော့ ကိုယ်က Tempo ဘယ်လောက်ထိ
တင်ရမယ်၊ လုပ်ရမယ် ဆိုတာမသိဘူး၊ အဲဒါဆိုရင် ကိုယ်သရုပ်ဆောင်မှုကို ချိန်လို့မရတော့ဘူး….
အဲဒါတော့ လိုတယ်လို့ အန်တီဘေဘီထင်တယ်….
တစ်ခါ ဇော်ဝမ်း အရမ်းနာမည်ကြီးနေတဲ့အချိန် မမုန်းလေနဲ့ ငပလီ ရိုက်တော့ အန်တီဘေဘီနဲ့ ဇော်ဝမ်း အဆုံးခန်းမှာ
အန်တီဘေဘီ Scence ပဲရိုက်မယ်ဆိုတော့ ဇော်ဝမ်းက သူမပါဘူးဆိုပြီး သူ့အစား တစ်ခြားတစ်ယောက်ကို မတ်တပ်ရပ်ပြီး ရိုက်ခိုင်းတာ
အဲဒီမှာ အန်တီဘေဘီက နင်ကို ကင်မရာက ယူ ယူ မယူမယူ ဇာတ်သဘောအရ နင်နဲ့ ငါဆုံပြီး ပြောတဲ့အခန်း၊
နင်မျက်နှာကို ကြည့်ပြီးပြောမှ Mood က ညီမှာ၊ အပြည့်ရမှာလေဆိုပြီး ပြောလိုက်တာ…
အဲဒီလိုပဲ ဒီဘက်ခေတ်မှာ တစ်ချို့ မင်းသားနောက်ကျလို့ ၊မင်းသမီးနောက်ကျလို့ဆိုပြီး တစ်ယောက်ချင်းစီ တစ်ဖက်စီရိုက်နေကျတယ်
အဲဒါ Mood မတူညီနိုင်ဘူး၊ မရနိုင်ဘူး၊ အပြည့်မရနိုင်ဘူးလေ ဒါမျိုးတွေ မလုပ်သင့်ဘူးလေ၊ ရှိသေးတယ် ရိုက်ရင်းတန်းလန်းနဲ့
ဖုန်းတွေ သုံးနေလိုက်၊ ဖုန်းထပြောလိုက်နဲ့ ပြီးရင် ပြန်လာရိုက်လိုက်နဲ့လေ.. ဘယ်လိုလုပ် mood က တူတော့မလဲ….
ကောလိပ်ဂျင်နေဝင်းဖြစ်ခဲ့တဲ့ ကောလိပ်ဂျင်ဇာတ်ကားက အန်တီဘေဘီနဲ့ပဲ၊ ပြီးတော့ ကိုဝင်းဦး ရိုက်ရင် သူများအိမ်၊ သူများနေရာ ဘယ်တော့မှ မရိုက်ဘူး သူကိုယ်တိုင်လုပ်တဲ့ စတူဒီယိုမှာပဲရိုက်တယ်၊ တစ်ခါ သူ့ရိုက်နေရင်း တစ်စိမ်းလာရင် ရပ်ပလိုက်တယ် မရိုက်တော့ဘူး အန်တီဘေဘီ တစ်ခါ သမီတွေကို ရိုက်ကွင်းပေါ်ခေါ်လာတာ ဆူတာလေ… ဘာလို့လဲဆိုတော့ ကိုယ်က ရိုက်ရင်းနဲ့ အဲဒီကလေးတွေမှာ စိတ်ရောက်သွားရင် ဇာတ်ထဲက ကာရိုက်တာအပြည့်မရမှာစိုးလို့ဆိုတာ သဘောပေါက်လာတယ်..
Негізгі бет လိပ်ပြာကူးထူးခြားသူများ - အကယ်ဒမီမြင့်မြင့်ခင် (အပိုင်း၃)
Пікірлер: 2