လူငယ်တွေအကြိုက် အရမ်းမိုက်တဲ့ BMW ကားမော်ဒယ် အသစ်နှစ်စီး ကိုမိတ်ဆက်
စက်တင်ဘာ - ၅ ၊၂၀၂၀
Sport ဆန်ဆန်ဒီဇိုင်းနဲ့ အထာကျပြီး လူငယ်တွေရဲ့ အကြိုက်နဲ့ တစ်ထပ်တည်းဖြစ်စေမယ့် Brand New BMW ကားမော်ဒယ်အသစ်နှစ်စီးကို BMW Myanmar မှ စတင်မိတ်ဆက်လိုက်ပါပြီ။
ဒီကားမော်ဒယ်အသစ်နှစ်စီးကတော့ The all-new BMW 1 series နဲ့ The first-ever BMW 2 series gran coupe တို့ပဲဖြစ်ပါတယ်။
သေချာတာကတော့ ကားသစ်နှစ်စီးလုံးဟာ ခေတ်မီပြီး နည်းပညာမြင့်မားမှု ကိုလိုလားတဲ့ လူငယ်တွေ အတွက် အကြိုက်ပါပဲ။
The All-new BMW 1 series ရော The first ever BMW 2 series gran coupe ကို in stock အနေနဲ့ အဖြူရောင်alpine white,Melbourne red ,black ,sapphire ဆိုပြီး အရောင်သုံးရောင်နဲ့ ရနိုင်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအတွက် တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်တဲ့ Prestige Automobiles Co., Ltd မှာဝယ်ယူရင် warranty ၅ နှစ်၊maintenance ၅ နှစ်၊ ၂၄ နာရီ မိုဘိုင်းဝန်ဆောင်မှု သုံး နှစ် ၊ Premium Selection (Trade-in) Program အစရှိတဲ့ အခွင့်အရေးတွေကိုရမှာပါ။
Prestige Automobiles Co., Ltd ဟာ ဂျာမဏီ နိုင်ငံ BMW စက်ရုံ က မြန်မာနိုင်ငံ ရဲ့ ရာသီဥတု၊ လမ်းအနေအထားတွေနဲ့ ကိုက်ညီအောင် သီးသန့် ထုတ်လုပ် တင်သွင်းထားတဲ့ Official Brand New BMW ကားတွေကိုသာ Safety အာမခံအပြည့်အဝနဲ့ ရောင်းချနေတာပဲဖြစ်ပါတယ်။
7Studio မှ ရိုက်ကူးတင်ဆက်သည့် ရုပ်သံဖိုင်ဖြစ်ပါသည်။
Subscribe to our channel at bit.ly/2CVSP6d
Check out our website: www.7daydaily.com/
Connect with us at our social media handles:
Facebook: / 7dayonlinetv
Twitter: / 7day_tv
Негізгі бет လူငယ်တွေအကြိုက် အရမ်းမိုက်တဲ့ BMW ကားမော်ဒယ် အသစ်နှစ်စီး ကိုမိတ်ဆက်
Пікірлер: 26