မင်းအောင် လွမ်းသူ့မြိုင်တန်းဟေဝန်နန်း MTV
တေးဂီတ Superstar
Lead: ဟန်ငွေထွန်း
2nd Lead & Rhythm: ချိုးတီ
Bass: ဖိုးကလဲ
Percussion: ဂျင်မီအောင်သက် စိုင်းတင်ဝင်း
Drums: ပီတာဘသိန်း
Keyboard: စန္ဒယားမောင်လှအေး
Recording: ကိုရေအေး
Video Full Credit Goes to Uncle U Khin Haw
/ 10207753706021676
မင်းအောင် ၏ လွမ်းသူ့မြိုင်တန်း ဟေဝန်နန်း
ဟေဝန်နန်း ရေတံခွန်စမ်း ဟေဝန်နန်း လွမ်း ဖွယ် စုံ ညီ ……
(မှိုင်းပြာမှုန်ရီ သာရကာစုံညီ တောမြိုင်ထဲ တောမြိုင်ထဲ ဝဲကာပျံကြသည်)၂
(မာလာပန်း ကမ်း ဟိုတောင်ဘက်ဆီ သာရကာဆန်း လွမ်းပိုအောင်လည်းမြည်)၂
ခိုင်ပန်းစုံလာဖူးတယ် မြိုင်တန်းဘုံသာဦးဝယ်
တကယ့်ပင်အလွန်ကြည်နူးဖွယ် ငှက်ငယ်မောင်နှံ နှစ်ဦးရယ်
လူနှယ်ခေါ်သံထူးတယ် ချစ်တေးသံစုံကျူးရင်
မောင်လည်း နေနိုင်ဘူးကွယ် မြို့ကြီးသူရေ လွမ်းတယ် သနားပိုကာ မျက်ထားချိုပါကွယ်
ဟေဝန်နန်း ရေတံခွန်စမ်း ဟေဝန်နန်း လွမ်း ဖွယ် စုံ ညီ …..
(တစ်ကောင်တည်းဖေါ်ကွဲခဲ့လို့ လွမ်းပါသည်
ငှက်ကလေးလို မျှော်တွေးလို့သာ မောင်လည်းဆွေးပါသည်)၂
(ဟေမဝါသေလာထဲမှာ ဝဲကာပျံသည် ဖေါ်မစုံသိုက်မြုံနန်းမှာ လွမ်းနေရှာသည်
မာကဓါ ဘာသာကျူးတော့ ဆွေးတယ် မောင် မချိပြီ)၂
တကယ့်ကို သနားလောက်ဖွယ် မနားမနေရှာတဲ့
သစ္စာသမားတစ်ယောက်ပါ အနားနေပါကွယ့်
တောနဲ့သေလာမဟီ ဟေဝန်နန်း ရေတံခွန်စမ်း ဟေဝန်နန်း လွမ်း ဖွယ် စုံ ညီ …… ။
Негізгі бет လွမ်းသူ့မြိုင်တန်းဟေဝန်နန်း မင်းအောင် MRTV 1980s
Пікірлер: 72