ဒီအပတ်တော့ မြောက်ဥက္ကလာပမြို့နယ်က မယ်လမုဘုရားကိုသွားမှာပါ ။
မြန်မာ့ရာဇဝင်ထဲမှာ ထူးထူးခြားခြား မယ်လမုသီးကမွေးလာတဲ့သူဆိုပြီး နာမည်ကြီးတာပေါ့နော် ။
မယ်လမုဘုရားရဲ့ ထူးခြားချက်က လှေကားလုံးဝမတက်ရဘဲ တန်ဆောင်းတွေမှာလည်းအမိုးတွေနဲ့မို့ လူကြီးသူမတွေလည်း အေးဆေးသွားလို့ရပါတယ် ။
ကားလမ်းမဘေး၊ ကားဂိတ်နားမှာတင်တည်ရှိတဲ့စေတီမို့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး လေ့လာစရာတွေလည်းအများကြီးပါ.....
ငမိုးရိပ်ချောင်းဘေးမှာရှိတာမို့ ကျွန်မတို့ဆို နိုင်ငံခြားသားဧည့်သည်တွေကို ရွှေတိဂုံပြီးရင်လိုက်ပို့နေကျနေရာပေါ့ ။
ခရီးစရိတ်က အသွားအပြန် 600ksပဲ ကုန်ပါတယ် ။
YBS 35စီးပြီး ဘုန်းကြီးလမ်းမှတ်တိုင်မှာဆင်းပါ ။
ဘုရားထဲကစျေးတန်းမှာ အဝတ်အစားတွေအရမ်းတန်တယ် ။
အစားအသောက်က ပုစွန်ခွက်ကြော်သုတ် တစ်ပွဲ ၁၅၀၀ဆိုတာ စားခဲ့ပါလို့ ။
ဟုတ်ကဲ့! ကျွန်မ မလှိုင်းပါ ။ 😇
#budget #short #travel #vlog
Негізгі бет Mae La Mu pagoda Vlog (ကားခ ၆၀၀ရှိရင် မယ်လမုကိုဘုရားဖူး သွားလည်လို့ရပြီ)
Пікірлер: 6