မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များကို ၂၄-နာရီပတ်လုံး လွင့်ပေးနေသည့် Channel ဖြစ်ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် က ၂၀၂၃-ခုနှစ် အောက်တိုဘာလ ၂၂-ရက် မှစတင်၍ လွင့်တင်ထားရှိပါသည်။
မဟဗျူဟသုတ်သည် သုတ္တနိပါတပါဠိတော် စာမျက်နှာ ၄၁၈-တွင် ပါရှိပါသည်။ ထိုသုတ်ကို အခြေခံ၍ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက မဟာဗျူဟသုတ် တရားတော်တွင် အောက်ပါအတိုင်း ဟောကြားထားတော်မူပါသည်။
“ဒီမဟာဗျူဟသုတ်ကိုတော့ မောဟစရိုက်ရှိသူတို့အတွက် ဟောတော်မူတယ်။” (နှာ-၁၅၁။)
“ငြင်းခုံကြတဲ့သူတွေမှာ အရှုံးနှင့်အနိုင် အကျိုးတပါးပါးကိုလဲ ရတယ်၊ ကဲ့ရဲ့တာနဲ့ ချီးမွမ်းတာ တပါးပါးကိုလဲ ရတယ်။” (မဟာသမယသုံးသုတ် တရားတော်၊ နှာ-၁၅၄။)
“ငြင်းခုံမှု၏ အကျိုးဖြစ်တဲ့ အပြစ်ကိုရော ငြင်းခုံမှုကင်းရာ နိဗ္ဗာန်ကိုရော ရှုမြင်ဆင်ခြင်ပြီးတော့ ငြင်းခုံမှုကို ပယ်ရမယ်၊ မငြင်းခုံပဲ နေရမယ်။” (နှာ-၁၅၅။)
“သမာဓိ ပညာမပြည့်စုံပဲနဲ့ သီလမျှဖြင့် ပြည့်စုံစင်ကြယ်တယ်၊ သံသရာဆင်းရဲမှ လွတ်မြောက်တယ်လို့ ဆိုလိုတဲ့အတွက် အဲဒီအယူကို မိစ္ဆာဒိဋ္ဌိ-အယူမှားလို့ ဆိုရတာပါဘဲ၊ အဲဒီ သီလပြည့်စုံရုံနဲ့ နိဗ္ဗာန်ကို မရောက်နိုင်ဘူး။” (နှာ-၁၆၀။)
“ဒိဋ္ဌမင်္ဂလာစသည်ကြောင့် ယခုလောလောဆယ် ကောင်းကျိုး ဆိုးကျိုးရတယ်လို့ ယုံကြည်ယူဆတာကိုသာ တွေ့ရတယ်၊ အဲဒီ အယူထဲမှာ ရက်ရာဇာ ပြဿဒါးစသည်ကို ယုံကြည်တာလဲ ပါဝင်ပါတယ်။” (နှာ-၁၇၈။)
“ရဟန္တာမှာ ပရိနိဗ္ဗာန်စုတိမှ နောက်ကာလ၌ ဘယ်လိုဘဝရုပ်နာမ်မျှ မဖြစ်တော့ပဲ အမြဲတမ်းအေးငြိမ်းသွားတာဘဲ။” (နှာ-၂၃၉။)
ကမ္ဘာအရပ်ရပ်ရှိ တရားလိုလားသူများ လွယ်ကူစွာနာယူနိုင်ကြသည့် မဟာစည်တရားတော်များ ၂၄/၇ ပြန့်ပွားရေးကုသိုလ်ပါဝင်လိုသူများသည် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း- ၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်စုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
------------------
မဟာစည် တရားတော်များကို နာယူသည့်အခါ တရားတော်အချို့တွင် အနည်းငယ် အသံ မကြည်လင်ခြင်း၊ အသံ နှေးခြင်း၊ အသံ မြန်ခြင်းတို့ ပါရှိသည်ကို သတိပြုမိကြပါလိမ့်မည်။ အကြောင်းမှာ အသံဖမ်းယူစဉ်က အသုံးပြုခဲ့သည့် ၇” တိပ်ရီကော်ဒါစက်များ၏ နည်းပညာနှင့် တိပ်ခွေများကို ကော်ပီပွားရယူသည့်အခါ တိပ်ရီကော်ဒါစက် မော်တာမြန်နှုူန်းများ အနည်းငယ် ကွာခြားခြင်းကြောင့် ဖြစ်ပါသည်။
မဟာစည် မီဒီယာအဖွဲ့အနေဖြင့် ၁၃၈၅-ခုနှစ် သီတင်းကျွတ်လမှစ၍ တရားတော်များကို လွှင့်ထုတ်ရာတွင် (၁) တရားတော် အသံများကို မူရင်းအတိုင်း ထားရှိလိုခြင်း၊ (၂) ရှေးက ဖမ်းယူခဲ့သည့် အသံအတိုင်း တရားနာပရိသတ်တို့အား နာယူစေလိုခြင်းတို့ကြောင့် တရားတော် အသံများကို တည်းဖြတ်ခြင်း၊ ပေါင်းစပ်ခြင်း၊ ထုတ်ပယ်ခြင်း၊ အသံ အရည်အသွေး ပြုပြင်ခြင်းတို့ ပြုလုပ်မထားပါ။ သို့သော် နာယူရန် ခက်ခဲနေသည့် တရားတော်အနည်းငယ်ကိုမူ နာယူရန်အဆင့် အသံအရည်အသွေးရရှိရန် Digital Audio Editing Software အသုံးပြု၍ တည်းဖြတ်ပြင်ဆင်ထားကြောင်း အသိပေးအပ်ပါသည်။
Негізгі бет မဟာဗျူဟသုတ် တရားတော် (၂/၂)
Пікірлер: 1