မင်းအောင်လှိုင်မှာ နိုင်ငံရေးထွက်ပေါက်မရှိဘူး (ရုပ်/သံ)
ဧရာဝတီ၊ ဇွန် ၂၈၊ ၂၀၂၂
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဇွန်လ ၈ ရက် နံနက်ပိုင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ စစ်ကောင်စီဝင် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အတူ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာ အနီးရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲအတည်ပြုခဲ့တဲ့ အမျိုးသားညီလာခံ ပြည်ထောင်စု ခန်းမကြီးကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။
စစ်ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်အရ ညောင်နှစ်ပင်ခန်းမ အဆောက်အဦနဲ့ အမှတ်(၁) ခရိုင်ချင်း ဆက်လမ်း၊ ပြည်ထောင်စုခန်းမကြီး အဝင်လမ်းပိုင် ပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုတွေကိုလည်း ဇွန်လ ၂၅ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက ထပ်မံသွားရောက်ကြည့်ရှု့ခဲ့ပါ သေးတယ်။
စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည် ပြု ပြဋ္ဌာန်းနိုင်ဖို့ အတွက် ၂၀၀၄ ခုနှစ်ကနေ ၂၀၀၇ အထိ အစုအဖွဲ့ (၈) ဖွဲ့က ကိုယ်စားလှယ် (၇၀၂) ဦးနဲ့ အ မျိုးသားညီလာခံ (၇) ကြိမ် ကျင်းပခဲ့ပြီးနောက် အဆိုပါ ညီလာခံခန်းမကြီးကို အသုံးပြုခြင်း မရှိတော့တာ ဖြစ်ပါတယ်။
လက်ရှိမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကို ပြောင်းရွှေ့ချုပ်နှောင်ထားသလို၊ အာဏာသိမ်း စစ်ခေါင်းဆောင်က သူ့အာဏာ တည်မြဲရေးအတွက် ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင်တာ(သို့မဟုတ်) အသစ်ရေးဆွဲနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ကြားသိရပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စိတ်ကူးယဉ် ကြံစည်မှုတွေ အမှန်တကယ် ဖြစ်ပေါ်လာနိုင်မလား ဆိုတာနဲ့ ပတ်သက်လို့ ဆွီဒင်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေးနဲ့ ဥပဒေပညာရှင် ရှေ့နေ ဦးအောင်ထူးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup
Негізгі бет မင်းအောင်လှိုင်မှာ နိုင်ငံရေးထွက်ပေါက်မရှိဘူး
Пікірлер: 89