ဒီတစ်ပတ် တနင်္ဂနွေ ခရီးသွား Vlog မှာတော့ ပြင်ဦးလွင်ကနေ အလည်သွားဖို့ လွယ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ထဲက "မင်းလှ" ရေတံခွန် ကို သွားတဲ့ ခရီးစဉ်လေးကို တင်ဆက်ထားပါတယ်။
ဒီခရီးစဉ်ကို အခုဆိုရင် ဒေသခံဧည့်လမ်းညွှန်တွေ အသီးသီး ပို့ဆောင်ပေးနေကြပါပြီ။ ကျွန်တော်ကတော့ Nature Traveler အဖွဲ့ရဲ့ အစီအစဉ်နဲ့ သွားခဲ့တာပါ။ ခရီးစဉ်မှာ ပြင်ဦးလွင် ကနေ နေ့ချင်းပြန် ကား နဲ့ နေ့လည်စာ၊ ရေ နဲ့ အချိုရည် တို့တွေ ပါဝင်ပါတယ်။ တစ်ဦးကို ၃၅,၀၀၀ ကျပ်ပဲ ပေးရတာပါ။ ဆက်သွယ်ရမဲ့ဖုန်းက ၀၉ ၇၇၇ ၇၅၃၇၇၆ ဖြစ်ပါတယ်။
"မင်းလှရေတံခွန်" ဟာ သုံးရာသီလုံး ရေများပြီး လှနေတဲ့ ရေတံခွန်ဖြစ်တာမို့ အချိန်တိုင်းလိုလို သွားဖို့သင့်လျော်တယ်လို့ သိရပါတယ်။ တောင်က မတ်လို့ နည်းနည်းပင်ပန်းနိုင်ပေမဲ့ သက်လုံ နဲ့ ဒူး ကောင်းသူအတွက်ဆို အဆင်းက ၄၅ မိနစ်၊ အတက်က မိနစ် ၃၀ လောက်ပဲကြာမြင့်တာပါ။ ပုံမှန်အလေ့အကျင့်နည်းသူဆိုရင်တောင် အဆင်းက ၁ နာရီခွဲ၊ အတက်က ၁ နာရီ ထန်ကုန်ပါပဲ။ ရေတံခွန်နားရောက်ခါနီးလေး တစ်ချက်တော့ လျှောက်လမ်းကျဉ်းပြီး ကြိုးနဲ့ ဆွဲတက်ရ ဆွဲဆင်းရတာမျိုး နည်းနည်းရှိတာလေး တစ်ခု ဂရုစိုက်ရပါတယ်။ ရေတံခွန်က တောက်လျောက်ဆက်ဆင်းနေဆဲ တောင်စောင်းနေရာဖြစ်နေလို့ အနေအထိုင် မဆင်ခြင်ရင် ပြုတ်ကျနိုင်တဲ့ အနေအထားပါ။ ရေနစ်နိုင်တဲ့နေရာ မရှိဘဲ ချော်ကျပြီး ပြုတ်ကျနိုင်တာပဲ ရှိပါတယ်။ သတိထားသွားလာသင့်ပါတယ်။ လှတာကတော့ အတော်လှပါတယ်။
ဒီ "မင်းလှရေတံခွန်" ခရီးစဉ်အကြောင်း စာ နဲ့ ဓါတ်ပုံတွေ ကို ဖတ်ကြည့်ချင်ရင်တော့ -
bit.ly/300pjIl ကြည့်နိုင်ပါတယ်။
ချစ်ခြင်းတွေနဲ့
သီဟလုလင် (Thiha, the Traveller)
Негізгі бет မင်းလှ ရေတံခွန် ဆီ ခရီးနှင် ပျော်ကြမယ်
Пікірлер: 5