စစ်ကောင်စီက ကိုဗစ်ကာကွယ်ထိန်းချုပ်ရန် မန္တလေးမြို့တွင် သြဂုတ် ၁၅ ရက်မှစတင်ပြီး မနက် ၉ နာရီမှ ညနေ ၃ နာရီခွဲအထိ အပြင်ထွက်ခွင့်ကန့်သတ်အမိန့် ထုတ်ပြန်လာခြင်းသည် ပြည်သူလူထု၏ အကျိုးစီးပွားကို လျစ်လျူရှုပြီး ၎င်းတို့အား ဆန့်ကျင်ဆန္ဒပြနေသူများကို ဖမ်းဆီးနှိမ်နင်းရန် ရည်ရွယ်ခြင်းသာဖြစ်ကြောင်း မန္တလေး သံဃသမဂ္ဂသပိတ်စစ်ကြောင်းမှ သံဃာတစ်ပါးက ဝေဖန်လိုက်သည်။
စစ်ကောင်စီသည် ၎င်းတို့အာဏာ တည်မြဲရေးအတွက် ဆန့်ကျင်တော်လှန်နေသူများကို ချေမှုန်းနိုင်ရန်သာ အာရုံစိုက်နေပြီး ပြည်သူများ၏ အကျိုးစီးပွါးထိခိုက်နှစ်နာမှုများကို လက်လျူရှုထားဆဲသဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီက ထုတ်ပြန်သည့် အမိန့်ဟူသမျှကို ဆန့်ကျင်ကြရန် ဆန္ဒပြလူငယ်တဦးက တောင်းဆိုလိုက်သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဤနေရာတွင် www.userroll.c... နှိပ်၍လှူဒါန်းနိုင်ပါတယ်။)
Donate here www.userroll.c...
Негізгі бет မန္တလေးမြို့တွင် နေ့ဘက်အပြင်ထွက်ခွင့်ပိတ်ပင်မှု ဆန္ဒပြသူတွေကိုနှိမ်နင်းရန်ဟုဝေဖန်
Пікірлер: 65