မနုဟာမင်း။ ။ မနုဟာမင်းသည် “သီရိတြိဘဝနာ ဒိတျာပဝရ ဓမ္မရာဇာ”ဘွဲ့ခံ သထုံမင်းဖြစ်၏။ ဆင်ဖြူသုံးဆယ့် နှစ်စီးအရှင် လည်းဖြစ်၏။ ဘုရားသခင်ရှိတော်မူစဉ်က သထုံပြည်ဝယ် မင်းပြုသော သီဟရာဇာမင်းမှ ဆင်းသက် ဆက်နွယ်သူဖြစ်၍ လေးကျိပ်ရှစ်ဆက်မြောက်သော မင်းဖြစ်သည်ဟု ဆိုသည်။ သထုံမင်းတို့သည် ဘုန်းတန်ခိုး အာဏာနှင့် ပြည့်စုံ၍ ဘုရားရှင် သာသနာတော်ကို အစဉ်ဆောင်ရွက်တော်မူကြသည်။
မနုဟာမင်းသည် ပုဂံပြည့်ရှင် အနော်ရထာမင်းစောနှင့် တစ်ခေတ်တည်း ပေါ်ပေါက်သည်။ အနော်ရထာ မင်းစောသည် ရှင်အရဟံက ဘုရားရှင် သာသနာတော်သုံးပါးတွင် ပရိယတ္တိ သာသနာတော်ရှိမှ ပဋိပတ္တိ သာသနာတော် ဖြစ်နိုင်သည်။ ပရိယတ္တိဟူသော ပိဋကတ်သုံးပုံသည် မရှိချေသေး။ ဘုရားရှင် သရီရဓာတ်တော် မွေတော် ပိဋကတ်ကျမ်းဂန်ရှိသော ပြည်ရွာ တိုင်းကားသို့လက်ဆောင် လက်နက်နှင့် တောင်းစေ၍ ရသည်ဖြစ်မှ သာသနာတော် အစဉ်ရှည်စွာ တည်ရာသည်။
သထုံပြည်၌ ပိဋကတ်သုံးပုံကို တစ်စုံခေါ်၍ အစုံ ၃ဝ ရှိသည်။ မွေတော် ဓာတ်တော်များရှိသည်ဟု မိန့်ကြားချက်အရ လက်ဆောင်ပဏ္ဏာများစွာ စီရင်၍ လိမ္မာသော မတ်တစ်ယောက် ကို သာယာချေငံသောစကားဖြင့် သထုံသို့စေ၍ တောင်းရလေ ၏။ သထုံမင်းသည် မကောင်းသော နှလုံးဖြင့် ကြီးစွာသော ပဋိဃာတ်စိတ် ရှိသည်ဖြစ်၍ မချေမငံသော စကားဖြင့်
သထုံမင်း မနုဟာက ဒီလိုပြောတာပါ။ နတ်နဂါးကိုးကွယ်
သူနှင့် ပိဠာပတ္တိသုံးနှင့် ဘာဆိုင်လို့လဲကွာ ရာရာသသ
ငါမပေးနိုင်ဘူး မနုဟာမင်းက အနုရုပ်ထာမင်း ၏သား
စောလူ့မင်းသာ ကိုပြောလိုက်တာ ဒါနှင့် ပေါက်ကံပြည့်ရင် မင်း အနုရုပ်ထာမင်း ကဒေါသထွက်ပြီး ပိဠာပတ္တိ
ကို စစ်တိုက်ပြီး ပေါက်ကံ သို့ယူဆောင်လာတာ ပုဂံဟူ၍
အခုမှ ပြောင်းခေါ်တာပါ အရင်က ပေါက်ကံလို့ခေါ်ဆိုတာပါ အနောရထာ လို့နောက်မှပြောင်းခေါ်တာပါ အရင်
အနုရုပ်ထာမင်းလို့ ခေါ်ဆိုတာပါ အနော်ရထာမင်းသေး
ဆုံးတဲ့ အနေရာ ညောင်ပင်ရွာ ဥယာဥ်ရွာရဲ့ အရှေ့တောင်
ဘက်ကရွာ ယနေ့ အခေါ်အရာ နံဂါတ် ဟိုအရင်က နံဂါတ်
ထိန်ပင်စောင့် နတ်က ကျွဲယောင်ဆောင်ပြီး ခဏ်သတ်လို့
အနော်ရထာမင်းသေး ဆုံးတာ အဲ့ဒီရွာ နစ်ရွာရှိ အရှေ့နံကဂါတ်ရွာ အနှောက်ဂါတ်ရွာ ဘေးနာမှာ အောင်သာ ရွာ
ဘဲရွာ ဖိုကနောက်ဆိုင် ရွာသုံးရွာရှိတယ် အနော်ရလို့
အခုမှ ပြောင်းခေါ်တာ အနောရမင်း သူရဲ့ဘကြီးတော်
ဆိကရုပ်မင်း သတ်ပြီးနန်တက် သူဘကြီးတော် အနောရသတ်တဲ့ ရွာနံမည် အခုတော့ မြင်ဘာ ရွာလို့ခေါ်ကြတယ်
ပုဂံ မြို့ရဲ့ တောင်ဘက်ဆူဆူ ရွန်းထည်တွေ လုပ်တဲ့ရွာ
အရင်က မြင်းပါလှန် အနုရုပ်ထာ ကသူဘကြီး တော် ဆိုကရုပ်မင်း သတ်ပစ်နေရာ အခုတော့ မြင်ဘာရွာ လိုပြောင်း
ခေါ်နေကြတယ်၊ သမိုင်းရေးတဲ့သူတွေ တချို့အလိမ်တွေ
အမှန်တရားအတိုင်း မရေးဘူး လူလိမ်တွေ အနောရထာ မင်းက အရင်က ဗုဒ္ဓဘာသာသူ မသိဘူး အရီးကြီး နတ်ဆရာတွေ ကိုးကွယ်တာ အရီးကြီး တွေဆီ သူများ
မင်္ဂလာတောင် တခုရှိတယ် နတ်ဆရာတွေ ဆီပန်းဦး
သွားဆက်သရတယ် အပွင့်လင်း ဆုံးပြောရရင် မင်္ဂလာ
ဦး ညဥ့် နတ်ဆရားဖြစ်တဲ့ အရီးကြီးတွေနှင့် ဇနီယားကို
ပေးအိပ်ရတယ် အဲ့ဒီ မင်္ဂလာဆောင်တတွဲက ပန်းဦးဆက်
ရတယ်လို့ ပြောရမှာ ပေါ့ အဲ့ဒါ မကြေနပ်နပ်လို့ အရီးကြီး
တွေနှင့် အချင်းများကြတယ် တောက်လိုက် မှုတ်ဆိုးနှင့်
အရီးကြီး တွေနှင့်တွေ ဘာဖြစ်လာကြတာလဲ မင်္ဂလာ
ညမှ ပန်းဦးဆက်တာ မကြေနပ်နပ်လို အရီးကြီး တွေ
အချင်းများလာကြတာ တောလိုက်မှုတ်ဆိုး ငါပီ့ က
သူမှာ ပါတဲ့လှန်နှင့် အရီးကြီး တွေသတ်မဲ့ အလုပ် မွမ်
ရဟန်းတာတပါး ကပေါ်လာပြီး သူ့အသက်မသတ်ကောင်းဘူး မှုတ်ဆိုး ငပီတားလိုက်တာ အဲ့ဒါနှင့် မှုတ်ဆိုး
ငပီက အသင်ဟာ ဘယ်လို ပုဂ္ဂိုလ်ဖြစ်သလဲ မှုတ်ဆိုး ငပီ
ကမေးတာ မွမ်ရဟန်းတာတပါး သူဟာ ရဟန်းတာဖြစ်
တယ် ဗုဒ္ဓရဲ့ သားတော် ရဟန်းဖြစ်ကြောင်း ရဟန်းတာ
အရှင်အရဟံ -ကို အနုရထာ ပေါက်ကံပြည့်ရင် အနုရုပ်ထာမင်း မထံပို့ဆောင်လိုက်တာ အရှင်အရဟံ -ထံကနေ
ဗုဒ္ဓရဲ့ တရားတော်ပင်ဆောင်ဖို့ စောလူ့ ခိုင်းလိုက်တာ
စောလူ့က မနုဟာမင်းထံ ပိဠာပသုံးပေးတာ မနုဟာမင်းက ပေါက်ကံပြည့်ရှင်မင်း ဗုဒ္ဓကိုးကွယ် သူမဟုတ် နတ်နဂါး ယုံကြည်သူ ဗုဒ္ဓတရား တော်နှင့် ဘာဆိုင်လို့လဲကွာ
ရာရာသသ ပြောရမလား ဆိုပြီး စစ်တိုက်ပြီး ပိဠာပတ္တိ
လူ့ယူတော့တာပဲ အရှက်ပြေ သမိုင်း ပြင်ရေးထားတာ
တကယ်တော့ အရှက်ကိုမရှိတာ
သူတို့နှစ်ယောက်
ဆိုလိုက်၏။ အနော်ရထာမင်းစောလည်း ထိုစကားကို ကြား သော်မူသောအခါ ပြင်းစွာအမျက်တော်ဖြစ်၏။ ထို့ကြောင့် နိုင်ငံတော်၌ရှိသော သူရဲသူခက် အပေါင်းတို့ကို စုရုံးတော်မူ၍ ရေကြောင်း၊ ကြည်းကြောင်းမှ အလုံးအရင်းဖြင့် သာသနာတော် နှစ် ၁၆ဝ၁ ခု ကောဇာသက္ကရာဇ် ၄၁၉ ခုနှစ်တွင် ကိုယ်တိုင် ချီတက် တိုက်ခိုက်၏။ ကြည်းကြောင်းတွင် ကျန်စစ်သား၊ ငထွေးရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး စစ်သူကြီး ၄ ယောက်တို့ရှေ့ဖျားချီစေ၏။ အနော်ရထာမင်းစောသည် နောက် တပ်မပြု၍ ချီတက်သည်။
သထုံမင်း မနုဟာလည်း အနော်ရထာမင်းစော ဤသို့အလုံးအရင်းဖြင့် ချီတက်လပြီဟူ၍ ကြားလေသော် အလွန်ကြောက်လန့်သဖြင့် မြို့တံခါးကို ပိတ်ပြီးလျှင် မြို့ကို ခိုင်လုံအောင်လုပ်၍ ခံနှင့်၏။ အနော်ရထာမင်းစောသည် ကာလရှည်ကြာစွာ ဝန်းရံလုပ်ကြံရသည်။ နောင်သော် သူရဲကောင်း ကုလားခြေလျင် ဗျတ္တ အစီအရင်ဖြင့် သထုံ ပြည်တွင်းသို့ရဲမက်တော်အပေါင်းတို့ဝင်နိုင်၍ မနုဟာမင်းနှင့် တကွ သားမယား အမှူးအမတ်တို့ကို ဖမ်း၍ အနော်ရထာ မင်းစောအား ဆက်လေ၏။ အနော်ရထာမင်းစောသည်လည်း သထုံပြည်တွင် မင်းအဆက်ဆက်တို့ကိုးကွယ်သော မွေတော် ဓာတ်တော်များ၊ အစုံ ၃ဝ သော ပိဋကတ်တို့ကို ၃၂ စီးသော ထိုမင်း၏ ဆင်ဖြူများပေါ်တွင် တင်၍ ဆောင်ယူတော်မူ၏။ ထိုမှ တစ်ပါးလည်း ကျမ်းတတ် ရဟန်းသံဃာတော်၊ ပညာသည်များ၊ သူရဲ သူခက် အလုံးအရင်းတို့နှင့် တကွ မင်းကိုပါ ဆောင်ယူတော်မူခဲ့သည်။
အနော်ရထာမင်းစောလည်း ပေါက္ကံရာမခေါ် ပုဂံပြည်သို့ ရောက်လျှင် ဆောင်ယူတော် မူခဲ့သော သူရဲသူခက် အစရှိသော ပညာသည် အပေါင်းတို့ကို အသီးအသီး အစုအကွက်ချ၍ နေစေ၏။ သရီရ ဓာတ်တော် အပေါင်းတို့ကိုလည်းကောင်းစွာ ဌာပနာ၍ ခေါင်းရင်းတော်၌ အမြဲထား၍ ကိုးကွယ်တော်မူ၏။ ပိဋကတ်တော်အစုံ ၃ဝ ကိုလည်း ရတနာအတိပြီးသော ပြာသာဒ်၌ထား၍ အရိယာ သံဃာတော်အား သင်ကြားပို့ချရ သည်။ မနုဟာမင်းကိုလည်း မြင်းကပါ အရပ်၌အလုပ်အကျွေး နှင့်တကွ နေစေ၏။
Негізгі бет မနုဟာမင်းထံ စစ်တိုက်ယူပြီး ကိုးကွယ်တဲ့ဘာသာ မြန်မာလူမျိူးတချို့ အမျိူးဘာသာ သာသနာ မရှက်တဲ့ဟာတွေ
Пікірлер