မာလာ ကင်းမွန်အစာသွပ်
အိစံပြောထားသလိုပဲ မာလာရှမ်းကော အနှစ်ဘူးလေးတွေ အဆင်သင့်ရှိလို့ကတော့ "အရမ်းစားကောင်းပြီး ထမင်းမြိန်စေတဲ့ ဟင်းပွဲတွေ" ဖြစ်လာမှာအသေအချာပါပဲ။ အခုလဲ ထမင်းမြိန်စေပြီး အရမ်းစားကောင်းတဲ့ "မာလာ ကင်းမွန်အစာသွပ်"လေးဖြစ်ပါတယ်။ ကင်းမွန်ကို ပုဇွန်အစာသွပ်ထားတော့ ပင်လယ်စာ ၂ မျိုးလေးနဲ့ အသွင်ထူးပြီး မွှေးကြိုင်နေတဲ့အပြင် မာလာရှမ်းကောရဲ့ မွှေးကြိုင်မှုနဲ့ ပေါင်းလိုက်တော့ ချက်နေရင်းတောင် စားချင်စိတ်တွေတဖွားဖွားပေါ်နေတော့တာပါပဲ။ ဒီလိုစားကောင်းတဲ့ "မာလာ ကင်းမွန်အစာသွပ်" လေးကို ဘယ်လိုချက်လဲဆိုတာ Video လေးကို ကြည့်ကြည့်လိုက်နော်။
** ထူးထူးခြားခြားလေးပြောစရာရှိတာကတော့ ဒီဟင်းလေးကို MR SPICY မာလာရှမ်းကော အနှစ်လေးနဲ့လိုက်ချက်ပြီး ဓါတ်ပုံလေးရိုက်၊ ပြီးရင် MR SPICY မာလာရှမ်းကောရဲ့ facebook page (facebook.com/spicytastebites) မှာဓါတ်ပုံလေးပို့ပေးရင် ပို့ပေးတဲ့ ပထမဆုံး အယောက် ၃၀ ကို လက်ဆောင်ပေးမှာပဲဖြစ်ပါတယ်။**
အဲ့တာကြောင့် ဒီဟင်းလေးကိုလိုက်ချက်ပြီးရင် ဓါတ်ပုံရိုက်ဖို့မမေ့နဲ့နော်။ပြီးတော့ ရိုက်ပြီးသားဓါတ်ပုံကိုလဲ MR SPICY မာလာရှမ်းကော ရဲ့ facebook page မှာသွားပို့ဖို့လဲမမေ့နဲ့နော်။ လက်ဆောင်ရရင်လဲ အိစံကိုမမေ့နဲ့နော်။
ပါဝင်သောပစ္စည်းများ
၁။ ကင်းမွန် - ၁၅ ကျပ်သား
၂။ ခေါင်းမပါသော ပုဇွန် - ၁၀ ကျပ်သား
၃။ ကြက်သွန်ဖြူ - ၂ မွှာ
၄။ ကြက်သွန်မြိတ် - ၂ ပင်
၅။ မြေပဲလှော် - ထမင်းစားဇွန်း ၁ ဇွန်း
၆။ နှမ်းလှော် - အနည်းငယ်
၇။ ငရုတ်သီးခြောက် - ၃ ခု
၈။ ဆီ - ထမင်းစားဇွန်း ၂ ဇွန်း
၉။ သကြား (သို့) အချိုမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၀။ ပဲငံပြာရည်အကျဲ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၁၁။ @MR SPICY မာလာရှမ်းကောအနှစ် - ထမင်းစားဇွန်း ၃ ဇွန်း
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml)
(ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml)
Негізгі бет မာလာ ကင်းမွန်အစာသွပ်
Пікірлер: 1