တစ်ယောက် ၅၀၀၀ ကျပ်လောက်နဲ့ ဒိတ်လို့ရတဲ့ လှည်းတန်းက မာလာမောက်ချိုက် ဘတ်ဂျက်ဆိုင်လေး ..
ဆိုင်လေးက လှည်းတန်း ဦးထွန်းလင်းခြံလမ်းထဲမှာရှိပြီး ဘော်ဒါတွေ လည်ပတ်ရင်း ဝင်ဆွဲချင်တာပဲဖြစ်ဖြစ် ..
ရုံးသမား ၊ သင်တန်းသမားတွေ ဘတ်ဂျက်ကိုက် စားချင်တာပဲဖြစ်ဖြစ် အဆင်ပြေစေပြီး အရသာကောင်းတဲ့ဆိုင်လေးတစ်ဆိုင်ပဲ
သူ့ဆိုင်မှာဆိုရင် မောက်ချိုက်အတွက် တစ်မျိုးချင်းရွေးလို့ရပြီး ဘတ်ဂျက်ကိုက်စားမယ့်သူတွေအတွက် တစ်ပွဲ ၉၀၀၀ ကျပ်က စရပါတယ်
ပြီးတော့ မောက်ချိုက် ၊ ထမင်း ၊ အအေးပါ ၂ ယောက်စား ၊ ၃ ယောက်စား Promotion Set လေးတွေလည်းရတော့ ဘော်ဒါတွေစုပေါင်းစားလည်း အဆင်ပြေတာပေါ့..
အခြားမီနူးလေးတွေက ထိုင်းအထောင်း ၊ငါးဟင်းပွဲ စတာတွေအပြင် မာလာနဲ့ပက်သတ်တဲ့ အစားစာလေးတွေအစုံရသေးတယ် ..
သူတို့ဆိုင်ရဲ့အစားအသောက်တွေကိုတော့ Delivery နဲ့လည်း မှာယူလို့ရပါတယ်နော်
ဆိုင်နာမည် - Hlaing Boss
လိပ်စာ - လှည်းတန်း ၊ ဦးထွန်းလင်းခြံလမ်းအတွင်းဘက်စျေးလမ်းအကွေ့နား ၊ ကမာရွတ်မြို့နယ် ။
Phone : 09258999932
ဆိုင်ဖွင့်ချိန် : 10 am ~ 8 pm
#burmeseguide #foodblogger #foodvlog #foodie #heldan #budget
#hlaingboss
#malarmaocai
#hledan
Негізгі бет မာလာမောက်ချိုက်ဘတ်ဂျက်ဆိုင်လေး
Пікірлер: 20