မောင်....
စိတ်မစွဲလမ်းပဲ၊ လှပတဲ့ဲညတစ်ညမှာ
မောင့်ကိုအိပ်မက်တယ်မောင်...
ကြာခဲ့ပြီပဲ...
မတွေ့ရတဲ့နှစ်တွေ၊ နှစ်မျောတသ
လွမ်းရတယ်မောင်....
နှုတ်ဆက်စကားတောင်၊ ပြောခွင့်မရခဲ့
တမ်းတတဲ့ခရေလဲ၊ မြေမှာကြွေလို့
ကောက်သူမဲ့ပြီလားမောင်...
မောင်ပေးတဲ့ခရေ...အနှစ်နှစ်ဆယ်ကျော်ကြာမယ်ဆိုလဲ
ကဗျာစာအုပ်ကြားရှိနေဦးမှာပါမောင်...
မောင်ဘယ်မြို့ကိုပြောင်းသွားလဲ
ကျွန်မသိလိုက်ပြီမောင်..
အရက်တွေလဲသောက်တုန်းပဲဆို
ဘယ်လိုအငြိုးနဲ့ ကိုယ့်ကိုကိုယ်နှိပ်စက်
မရက်စက်ပါနဲ့ မောင်...
မောင့်ကိုသတိရလွမ်းတဲ့အကြောင်း
မောင်ကလွဲလို့တစ်ကမ္ဘာလုံးသာသိ
မောင်ဘယ်တော့မှ သိလိမ့်မယ်မဟုတ်ဘူးမောင်.......
ကြေကွဲရပါတယ်မောင်ရယ်....
အိမ့်ချမ်းမြေ့
Негізгі бет မောင် - အိမ့်ချမ်းမြေ့ + ရေစီးကြောင်းသံယောဇဉ်- ထူးအိမ်သင် & မင်းခေါင်
Пікірлер