မောင်တော မြို့သိမ်းတိုက်ပွဲ ရုပ်သံ အာရက္ခတပ်တော် AA ထုတ်ပြန် (ရုပ်သံ)
~~~~~~~~~~~~~~
မောင်တောမြို့နေ ပြည်သူများထဲမှ ၂၆၀၀၀ ဝန်းကျင်ကိုAA က ကယ်ထုတ်ပေးခဲ့ဟုဆို
…………………………….
ဩဂုတ် ၃၀
မောင်တော မြို့သိမ်းတိုက်ပွဲ ရုပ်သံမှတ်တမ်းကို ဒီကနေ့ သြဂုတ် ၃၀ ညပိုင်းမှာ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။
မောင်တော မြို့သိမ်းတိုက်ပွဲတွေကို အာရက္ခတပ်တော်က ဟဂုတ်လ ၄ ရက်နေ့မှာ စတင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းတွေကို တစ်ခုပြီး တစ်ခု သိမ်းပိုက်ခဲ့ပြီး နောက်ဆုံး ကျန်ရှိနေတဲ့ အကြမ်းဖက် စစ်ကောင်စီ နခခ (၅) တပ်စခန်းကို သိမ်းပိုက်ရရှိရေးအတွက် အာရက္ခတပ်တော် AA က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
အဆိုပါ ရုပ်သံမှတ်တမ်းမှာ မောင်တောမြို့ တိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်သားတွေ၊ ARSA၊ RSO၊ ARA အကြမ်းဖက် လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေနဲ့ အကြမ်းဖက် စစ်ကောင်စီက စစ်သင်တန်းပေးပြီး လက်နက် တပ်ဆင်ပေးထားတဲ့ လက်နက် ကိုင်တွေ ပါဝင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
•••••••
သက်ပိုင်ဦး
ရုပ်သံ - မောင်တောမြို့သိမ်းတိုက်ပွဲရုပ်သံမှတ်တမ်း (အာရက္ခတပ်တော် AA)
#မောင်တောမြို့ #အာရက္ခတပ်တော်AA #မြို့သိမ်းတိုက်ပွဲ #စစ်သုံ့ပန်း
#ငွေမောင်းသံ မီဒီယာရဲ့ သတင်းနဲ့ ဆောင်းပါးတွေကို အောက်ပါလင့်ခ်တွေမှာလည်း ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
KZitem - / @user-hrtjmyanmar
Telegram - t.me/Ngwemaung...
Website - www.hrtjmyanma...
Негізгі бет မောင်တော မြို့သိမ်းတိုက်ပွဲ ရုပ်သံ အာရက္ခတပ်တော် AA ထုတ်ပြန်
Пікірлер: 129