ဆရာမောင်သာရစာအုပ်တွေကိုဖတ်ပြဖို့ဆရာ့စာအုပ်တွေကိုတော်တော်လေးဖတ်ခဲ့ပါတယ်။ အဲ့ထဲမှာ ဒီစာအုပ်လေးပါပြီး နှစ်ကြိမ်လောက်ဖတ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ဖြန်းဖတ်ခဲ့လို့ သိပ်မကောင်းဘူးထင်ပြီး မဖတ်ပြဖြစ်ခဲ့ပါဘူး။ ဒီတစ်ပတ်စာအုပ်ရွေးတဲ့အခါမှာလဲ ဒီစာအုပ်လေးကိုထပ်ငှားလာခဲ့ပါတယ်။ ဖတ်ဖို့ရွေးတဲ့သုံးအုပ်ထဲမှာ အရှေ့နှစ်အုပ်ကိုအရင်ဖတ်ပြီး သူ့ကိုနောက်ဆုံးမှပဲ ဖတ်ဖြစ်ပါတယ်။ အရှေ့နှစ်အုပ်မှာသာကြိုက်မိသွားရင် ဒီစာအုပ်လေးကိုထပ်ပယ်မိသွားမှာပါပဲ။ ဒါပေမဲ့ဒီတစ်ခါတော့ ဖတ်ခွင့်ကြုံခဲ့ပါပြီ။ ဆရာသာရရဲ့အရေးအသားတွေကို သေချာလေ့လာကြည့်တဲ့အခါမှာ စနစ်ရဲ့လိုအပ်ချက်တွေ၊ အခြေခံလူတန်းစားတွေကြုံတွေ့နေရတဲ့ဘဝတွေ၊ နိုင်ငံတော်အတွက်ငွေယိုပေါက်တွေကို သေချာထောက်ပြနေတယ်လို့မြင်လာပါတယ်။ စတုတ္ထမဏ္ဍိုင်ရဲ့ လက်ရာမြောက်မှုလို့ထင်မိပါတယ်။ ပြောခဲ့သလိုပဲ စာအုပ်ပါအကြောင်းရာနဲ့ စာအုပ်ခေါင်းစဥ်နဲ့ကို ဆရာဘယ်လိုဆက်စပ်ထားလဲတော့ လိုက်မမှီသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီစာအုပ်လေးကိုရွေးချယ်ဖြစ်ခဲ့တဲ့အတွက် ချယ်နယ်အနေနဲ့ ကျေနပ်မိပါတယ်ရှင်။
Негізгі бет မောင်သာရ - မိန်းမရှားသလား....ဟုတ်စ ( ၁၉၈၄ ခုနှစ်၊ ပထမအကြိမ် )
Пікірлер: 8