မောရသုတ်တော်မှာ ဇာတကပါဠိတော်၊ ဒုကနိပါတ်၊ မောရဇာတက မှလာသော ဘုရားအလောင်းတော် ရွှေဥဒေါင်းမင်းဘဝက ရွတ်ဆိုပူဇော်ခဲ့သည့် ဘုရားဂုဏ်တော်၊ သစ္စာလေးပါးဂုဏ်တော်နှင့် ရဟန္တာဂုဏ်တော်တို့ကို ချီးကျူးကော်ရော်ပူဇော်သော ဂါထာဖြစ်သည်။ ဘုရားအလောင်းရွှေဥဒေါင်းမင်းသည် ဤဂါထာကို နေထွက်နေဝင် နေ့စဉ်ရွတ်ဖတ်ပူဇော်ခဲ့ရာ လာရောက်ဖမ်းယူရန် ကြိုးစားခဲ့သော မုဆိုးများ မျိုးဆက် (၇) ဆက်တိုင်တိုင် ရွှေဥဒေါင်းမင်းကို ဖမ်းယူနိုင်ခြင်း မရှိခဲ့ပေ။ ထိုသို့ ဘုရားအလောင်းတော်ရွှေဥဒေါင်းမင်း ဤဂါထာတော်ကို ရွတ်ဖတ်ပူဇော်သဖြင့် အဖမ်းအဆီးအနှောင်အဖွဲ့ မှ လွတ်မြောက်ခဲ့ခြင်းကို အကြောင်းပြု၍ မိမိတို့သည်လည်း အဖမ်းအဆီး အနှောင်အဖွဲ့ ဘေးရန်အမျိုးမျိုးမှ လွတ်မြောက်ပါစေခြင်း အကျိုးငှါ ဤ မောရသုတ်ဂါထာတော်ကို ပရိတ်တော်အဖြစ်ရွတ်ဖတ် ပူဇော်ကြသည်။ ဤ ပရိတ်တော်သည် ပရိတ်ကြီး (၁၁) သုတ်တွင် (၅) သုတ်မြောက် ပရိတ်တော်ဖြစ်သည်။
#ပရိတ် #တရားတော်များ #တရားတော် #မောရသုတ် #မောရသုတ်
Негізгі бет မောရသုတ် ပရိတ်တော် ဖြစ်ပေါ်လာပုံအကြောင်း (၂)
Пікірлер