Microsoft Word သင်ခန်းစာ ( 1 )
ကွန်ပျူတာ ကို ခုမှ စတင်လေ့လာသူတွေ အတွက် Microsoft Word ကို အခြေခံကနေ တစ်ဆင့် စီ အစ အဆုံး ရှင်းပြပေးမှာဖြစ်ပါတယ် ။ Word ဆိုတာ ကွန်ပျူကို စသင်သူတိုင်း ပထမ ဆုံး လေ့လာကြတဲ့ ပညာရပ်ဖြစ်ပါတယ် ။
ဦးဇင်း အနေနဲ့ တစ်ကွက်ကောင်း နှစ်ကွက်ကောင်း သင်ပေးတာ မျိုးမဟုက်ဘဲ အစ- အဆုံး အပိုင်းတွေ ခွဲ ပြီး ရှင်းပြပေးမှာ ဖြစ်ပါတယ် ။ Uz က မသင်ရင်လဲ မသင်ပါဘူး ။ သင်ပီးဆိုရင်လဲ ထုံးစံအတိုင်း အစ အဆုံး အသေးစိတ်သင်တာမျိုးပါ ။ Group မှာ သင်ကြာပေးသလို အားလုံး ကြည့်ခွင့်ရအောင် Public လဲ အကုန်ချပြမှာပါ ။ Group လုပ်ရတာ ကတော့ ပြန့်ပွားအောင်လုပ်ဖို့ အမာခံယူတဲ့သဘောပါ။
သင်ခန်းစာ Video တွေကို Share တာတွေ မိမိတို့ အကောင့် မှာ ပြန်တင်တာတွေ ကြိုက်သလို လုပ်ပါ ။ အဲလို ပြန့်ပွားအောင် လုပ်ပေးသူတွေ ကို လဲ သဘောကျတယ် ။ ဝမ်းသာပီတိဖြစ်တယ် ။
Video တွေ ကို ရောင်းစားခွင့် တော့ မပြုပါ ဘူး ။ Video တွေ ရောင်းစားနေတဲ့ ဘုန်းကြီးလို့ အလကား နေရင်း အထင်မခံနိုင်ပါဘူး ။ ဝါသနာပါလို့ အချိန်ကုန် ဘေကုန်ခံပြီး ပညာဒါန သင်ပေးတာပါ။ ဦးဇင်းက Online မှာ သင်သင် အပြင်မှာ သင်သင် အခမဲ့ ပဲ သင်တာပါ ။ ဘယ်တုန်းက မှ ငွေမယူခဲ့ပါဘူး ။ လိုချင်သူယူဆိုပီး လူမျိုးမရွေး ဘာသာမရွေး အကုန်အကျ မရှိဘဲ တတ်မြောက်အောင် အခမဲ့ ပေးထားတဲ့ Video များသာဖြစ်ပါတယ် ။
Ashin Thuseikta ( WTYT )
သင်ကြားသူ ဆရာတော်၏ FB Acc
/ ashinthuseikta.it
Негізгі бет Microsoft Word သင်ခန်းစာ ( 1 )
Пікірлер: 35