ဒီ Block Diagram လေးကတော့
Mobile Phone တွေမှာ တည်ဆောက်ထားတဲ့ Network စနစ်ပဲဖြစ်ပါတယ်။
အလုပ်လုပ်ပုံအဆင့်ဆင့်ကိုမပြောခင် ပုံမှာပြထားတဲ့ အတိုကောက်အညွှန်းလေးတွေက ဘာလဲဆိုတာသိထားဖို့လိုပါတယ်။
RF = Radio Frequency
IF = Intermediate Frequency
LNA = Low Noise Amplifier
PA = Power Amplifier
ADC = Analog To Digital Converter
DAC = Digital To Analog Converter
ကဲ… အလုပ်လုပ်ပုံစပြောမယ်နော်..
Antenna ကနေ RF Signal တွေဟာ အရင်ဦးဆုံး Network Switch ကိုအရင်ဝင်ရပါတယ်။ Network Switch ကနေ Signal တွေကို စီမံခန့်ခွဲပေးမှာဖြစ်ပါတယ်။
Network Signal တွေဟာ RF Signal တွေကို IF Signal အဖြစ် စီမံပြီး LNA ဆီသို့ပို့ပေးပါတယ်။
LNA ဆီကိုရောက်တဲ့အခါမှာ IF Signal တွေကို Noise များလျော့ချပေးလိုက်ပါတယ်။ နောက်ပြီး Signal တွေကို အားကောင်းအောင် မြှင့်တင်ပေးပြီးတော့ Transceiver ဆီကို ပို့ပေးပါတယ်။
Transceiver ဆိုတာ Signal တွေကို Receive-လက်ခံနိုင်၊ Transmit-ပြန်လွှင့်ပေးနိုင်တဲ့ Chip တစ်ခုပဲဖြစ်ပါတယ်။
ကဲ ဟုတ်ပြီ ဒီလိုဆိုတော့ LNA ကနေပို့လိုက်တဲ့ Signal တွေကို Transceiver ရဲ့ Receive ပိုင်းကနေလက်ခံမှာပေါ့။ ဟုတ်ပြီနော်။
လက်ခံပြီးတော့ Baseband ဆီကိုတန်းပြီးပို့ပေးသလားဆိုတော့။ ဒီတိုင်းပို့လို့မရသေးဘူး။
ဘာလို့လဲဆိုတော့ Baseband ဆိုတာက Processor ဗျ။ Processor ဆိုမှတော့ ကွန်ပျူတာစနစ်ပေါ့သူက။
ဒီတော့ကာ သူက Digital Signal တွေကိုပဲနားလည်မှာပါ။ ဆရာတို့ရှေ့မှာပြောခဲ့တဲ့အတိုင်း Antenna ကနေ Transceiver ဆီကိုရောက်တဲ့အဆင့်အထိ လာတဲ့ RF Signal တို့ IF Signal တို့တွေက Analog တွေဆိုတော့ Baseband ဆီကိုတိုက်ရိုက်ပို့လို့မရဘူး။
Analog Signal ဆိုတာ AC ပုံစံစီးဆင်းတာ။ လှိုင်းပုံစံပေါ့..။
Digital Signal တွေဆိုတာ On/Off Signal လို့ခေါ်တဲ့ 1/0 Signal တွေပါ။ အဲ့ဒါကို Binary Signal လို့ခေါ်တယ်။
ဒါကြောင့် Transceiver တွေမှာ တာဝန်တစ်ခုပိုလာပါပြီ။ အဲဒါကဘာလဲဆိုတော့ Analog ကနေ Digital ကိုပြောင်းပေးဖို့ပါတယ်။
အဲလိုပြောင်းပေးဖို့အတွက် Analog To Digital Converter ဆိုတဲ့ ADC ဆိုတာလေးပါပါတယ်။
အဲ့လို Analog ကနေ Digital ပြောင်းပေးခြင်းကို Demodulation လုပ်တယ်လို့ခေါ်တယ်။ ဒါက Computer ဝေါဟာရတစ်ခုလို့ဆိုရင်လဲ မမှားပါဘူး။
အဲ့လိုလုပ်ပေးလိုက်ပြီးပြီဆိုတော့မှ Baseband ဆီကိုပို့ပေးလိုက်ပါတယ်။
နောက်တစ်ခုရှိတာက Baseband က Processor ဆိုတော့ သူ့ကိုထိန်းချုပ်မယ့် Software ကဘယ်မှာလဲဆိုတာပါပဲ။
Baseband ကိုထိန်းချုပ်ဖို့အတွက် Baseband Processor ထဲမှာ OS(Operating System) တစ်ခု သီးသန့်ထည့်သွင်းပေးထားပါတယ်။
ဘာကြောင့် ဖုန်းထဲမှာပါတဲ့ Android Operating System နဲ့မထိန်းချုပ်တာလဲဆိုတော့...
Mobile Phone တွေရဲ့ Network ပိုင်းက အရမ်းကိုများပြားလွန်းတာကြောင့် သီးသန့် OS တစ်ခုရှိမှ အဆင်ပြေမှာကြောင့်ပါပဲ။
အဲဒီ Baseband Processor ထဲမှာပါတဲ့ OS ကို Baseband OS လို့ခေါ်ပါတယ်။
ဆရာတို့ပြောပြောနေတဲ့ Baseband ပျောက်တယ် ဘာညာဆိုတာ အဲ့ဒီ Baseband OS ပျက်တာ သို့မဟုတ် Error ဖြစ်တာပါပဲ။
ဒါဟာ ပြင်ပကလာတဲ့ Signal တွေရဲ့ အဝင်ပိုင်းပဲဖြစ်ပါတယ်။
နောက်တစ်ခုက ဖုန်းကနေပြန်လွှတ်ပေးရမယ့် Signal ပဲဖြစ်ပါတယ်။
ဒီအပိုင်းကျတော့ Baseband Processor ကနေပြီး Digital Signal တွေကို Transceiver Chip ကိုပြန်ပို့ပါတယ်။
Transmitter တွေဟာ Baseband Processor ကလာတဲ့ Digital Signal တွေကို Analog ပြန်ပြောင်းပေးရပြန်ပါတယ်။ အဲ့ဒီလိုပြောင်းပေးဖို့အတွက် Transceiver ထဲမှာ Digital To Analog Converter ဆိုတဲ့ DAC လေးပါပါတယ်။
Digital ကနေ Analog ပြောင်းပေးတာကိုတော့ Modulation လုပ်တယ်လို့ခေါ်ပါတယ်။
အဲ့ဒီလို DAC နဲ့ Modulation လုပ်ပြီးတော့မှ Transceiverရဲ့ Transmitter ပိုင်းကနေပြီး PA ဆီကိုလွှတ်ပေးလိုက်ပါတယ်။
PA က ရလာတဲ့ Signal တွေကို အားကောင်းအောင် မြှင့်တင်ပေးလိုက်ပြန်ပါတယ်။
ပြီးတော့မှ Network Switch ကိုပို့လိုက်တဲ့အခါမှာတော့ Network Switch က စီမံခန့်ခွဲမှုတွေပြုပြီးတော့ Antenna ကနေတစ်ဆင့် နီးစပ်ရာ တာဝါတိုင်တွေဆီကိုရောက်စေတာပဲဖြစ်ပါတယ်။
ကဲ့... အားလုံးထိုက်သင့်သလောက်တော့နားလည်ကြမယ်လို့မျှော်လင့်ပါတယ်။
Phyo Han Tun (PHT နည်းပညာသင်တန်းကျောင်း)
PHT IT Universe
Mandalay
09797555761
09444882360
21.4.2022 တန်းခွဲသစ်အတွက် အခုသင်တန်းအပ်လို့ရနေပါ သေးတယ် ညီတို့ ညီမတို့ရေ
Негізгі бет Mobile Phone Network Block
Пікірлер: 67