မန်းကိုလည်း ဆင်းမရ ၊ မိုးကုတ်လည်း ပြန်တက်မရဖြစ်
စစ်အုပ်စုက အတက်အဆင်းလမ်းတွေကို ပိတ်ဆို့ထား
ထင်လင်း/ MFP ၊ ဇူလိုင် ၅
မန္တလေးတိုင်း၊မိုးကုတ်မြို့ကနေ မန္တလေးကို စစ်ရှောင်ဖို့လာကြတဲ့ ပြည်သူထောင်နဲ့ချီ သပိတ်ကျင်းမြို့နယ်၊ ဇရပ် ကွင်းကျေးရွာမှာ ပိတ်မိသောင်တင်နေတာ တစ်ပတ်ခန့်ရှိပြီဖြစ်ကာ ၎င်းတို့ကို မြို့နယ်ကပြည်သူတွေ ဝိုင်းဝန်းကူ ညီနေကြတယ်လို့ သပိတ်ကျင်း ဒေသခံတွေက ပြောပါတယ်။
"ဇရပ်ကွင်းမှာ အများကြီးဘဲ။ ဆင်မွှေးတပ်ဦးကျောင်းမှာ ၁၀၀၀ ကျော်တယ်။ လမ်းဘေးတွေမှာရော။ ဇရပ်ကွင်း က လူမှူကူမှာ ၁၀၀၀ ကျော်တယ်။ မဖွင့်တဲ့ ဘော်ဒါဆောင်တွေမှာလည်း ရာနဲ့ချီတယ်။ အလှူခံပြီးချက်ကျွေးနေရ တယ်။ အခု ဆန်မလောက်တော့ဘူး။ ငွေဖြူတောင် ဘုန်းကြီးကျောင်းမှာလည်း ၁၀၀၀ ကျော်။ မိုး ကုတ်ကလူတွေ မြို့တစ်ဝက်နီးပါးဘဲ။ ဘယ်မှသွားလို့မရဘူး။ ကင်းနဲ့ ကျပ်ပြင်ကလူတွေရော။အခု လိပ်ကျမှာ စစ်ရှောင် နည်းတယ်။ ချောင်းကြီးနဲ့ နီးတော့ ဇရပ်ကွင်းထိ ပြန်ဆုတ်လာခဲ့ကျတော့ ဒီမှာဘဲ ပိတ်မိကုန်တာ"လို့ ဇရပ်ကွင်းရွာခံက MFP ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃၀ရက်ကတည်းက မိုးကုတ်မြို့ကနေ ဆင်းလာကြတဲ့ စစ်ဘေးရှောင်ထောင်ချီဟာ သပိတ်ကျင်းမြို့ နယ် အတွင်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ချောင်းကြီးကျေးရွာရဲ့ မြောက်ဘက် လိပ်ကျနဲ့ ဇရပ်ကွင်း ကျေးရွာ တွေမှာ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ စစ်ရှောင်ပြည်သူတွေကို ဇရပ်ကွင်း၊ လိပ်ကျနဲ့ အနီးအနားကျေးရွာရှိ ဒေသခံတွေ ဝိုင်းဝန်းကူညီ ပေးနေ တယ်လို့ သပိတ်ကျင်းနယ်ခံတွေက ပြောပါတယ်။
ပိတ်မိနေတဲ့စစ်ရှောင်တွေဟာ မိုးကုတ်မြို့ကို ပြန်တက်ဖို့ရာမှာလည်း သပိတ်ကျင်း-မိုးကုတ်လမ်းပေါ်ရှိ ကျောက် လှည် ဘီးကျေးရွာနားက အမှတ် ၁၄၈ တပ်ရင်းက ခွင့်မပြုပဲ လမ်းပိတ်ထားတယ်လို့ သိရပါတယ်။
အလားတူ ချောင်းကြီးရွာဘက်မှာလည်း လမ်းပိတ်ထားသလို စဉ့်ကူးနဲ့ မတ္တရာတစ်လျှောက် တိုက်ပွဲပြင်းထန်နေတာကြောင့် မန္တလေးဘက်ကိုလည်း ခရီးဆက်လို့ မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
"၁၄၈ ကတော့ တက်ခွင့်မရှိဘူး။စျေးသည်တွေတော့ ဆင်းလို့ရတယ်။ ချောင်းကြီးက ပိတ်ထားတယ်။ နာတာရှည် ဆေးခန်းပြရမဲ့သူက ဒီထဲမှာ မပါဘူး။ ဒီနေ့မနက် ကင်းကတယောက်တော့ လူနာတင်ကားနဲ့ပြန်ခေါ်သွားတယ်။ မနေ့ထဲက လူနာဖြတ်သန်းဖို့ သတင်းပို့ရတယ်။ အသက်၊ ဆေးမှတ်တမ်းတွေ ပြရတယ်"လို့ ဒေသခံတွေကပြော ပါတယ်။
ပိတ်မိနေတဲ့ စစ်ဘေးရှောင်တွေ အတွက် ဇရပ်ကွင်းကျေးရွာတင်မက အနီးအနားရွာတွေကနေ စားနပ်ရိက္ခာ ဝယ် ယူရသလို ၊ ကျေးရွာစိုက်ခင်းတွေကနေ အလှူခံရတာ၊ ရွာခံပရဟိတအသင်းတွေနဲ့ ခိုလှုံခွင့်ပြုထားတဲ့ ဘုန်းကြီး ကျောင်းတွေက ဆွမ်းအလှူခံပြီး ကျွေးမွေးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အခုလို စစ်ဘေးရှောင်တွေ ရေရှည်ပိတ်မိနေပါက ကားလမ်းတွေပိတ်နေပြီး ဆန်နဲ့ဆီ ဝယ်ယူဖို့ ခက်ခဲလာ နိုင် တဲ့ အတွက် ရိက္ခာပြတ်တောက်လာနိုင်တယ်လို့လည်း ကူညီသူတွေက ပြောပါတယ်။
စစ်ဘေးရှောင်တွေ ပိတ်မိသောင်တင်နေတဲ့ ဇရပ်ကွင်းကျေးရွာဟာ အိမ်ခြေ ၁၀၀၀ ခန့်ရှိတဲ့ ကျေးရွာကြီးဖြစ်ပြီး ဇူ လိုင်လ ၄ရက် က စလို့ စစ်အုပ်စုက ဘန်ကာတွေဆောက်ပြီး ခံစစ်အကြီးအကျယ်ပြင်ဆင်နေသလို အမှတ် ၁၄၈ တပ်အတွင်းက တပ်မိသားစုတွေကိုလည်း ၇ မိုင်(အောင်ချမ်းသာ)ကျေးရွာဘက်က စစ်တပ်ဝင်းတွေဆီ ရွှေ့ပြောင်း ပို့ ဆောင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ သပိတ်ကျင်းမြို့နယ်အတွင်း ဖုန်းလိုင်းအများစုနဲ့ အက်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာ ငါး ရက်ခန့် ရှိနေတာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ပြတ်တောက်သွားမှာ စိုး ရိမ် ပူပန်နေကြတယ်လို့ စစ်ဘေးရှောင်တွေ စားသောက်ရေး ကူညီပေးနေတဲ့ ဒေသခံတွေက ပြောပါတယ်။
အင်တာနက်လိုင်းအနေနဲ့ စစ်တပ်ရဲ့ မိုင်တဲလ်ဖုန်းလိုင်း ဝိုင်ဖိုင်တစ်ခုသာ အသုံးပြုလို့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#Mandalay_Free_Press_MFP
Негізгі бет မိုးကုတ်စစ်ရှောင် ထောင်ချီ သပိတ်ကျင်းအနီးမှာ ပိတ်မိနေ၊
Пікірлер: 9