လူကြီးမင်းတို့ တန်ဖိုးကြီးကားများရဲ့ အတွင်းခန်းတွေကို စိုစွတ်မှုအနည်းဆုံး နှင့် မှိုမတက်အောင် လုပ်ဆောင် နိုင်မည့်လွယ်ကူတဲ့နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်
📌ကားခြေနင်းများတွင် ခြေနင်းစာရွက်အခင်းများ (သို့) သတင်းစာများဖြန့်ခင်းထားပါ
အလွယ်ကူဆုံးအနေဖြင့် ကားအတွင်း ခြေနင်းစာရွက် အခင်းများ (သို့) နေ့စဉ်လဲလှယ်ရလွယ်ကူနိုင်တဲ့ သတင်းစာများခင်းထားခြင်းဖြင့် မိုးစိုဖိနပ်များနှင့် ကားထဲဝင်တဲ့အခါ စိုစွတ်မှုကိုလျော့ချနိုင်ပါတယ်
📌Air Filter တွေကို ပုံမှန်သန့်စင်ပါ
မိုးရာသီတွင် ပြတင်းပေါက်မှန်များ အမြဲလိုလို ပိတ်ထားရန်လိုအပ်ပြီး ကားအတွင်း လေထုက သန့်စင်နေမှ ကျန်းမာရေးနဲ့ညီညွတ်နိုင်မှာ ဖြစ်သောကြောင့် Air Filter တွေကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပေးရန်လိုအပ်ပါတယ်
📌 ကားထိုင်ခုံများကိုသန့်ရှင်းရေးပြုလုပ်ပါ
မိုးရေစိုသောအဝတ်စားများမှတစ်ဆင့် ထိုင်ခုံများ စိုစွတ်ပြီး အစိုဓာတ်ဖြစ်ပေါ်စေနိုင်တာကြောင့် ဖုန်စုပ်စက်ဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်း၊ လည်သာထိုင်ခုံများဖြစ်ပါက အနံ့ဆိုးများ မဖြစ်ပေါ်အောင် သန့်စင်ဆေးများ အဆီများဖြင့် သေချာသုတ်ခြင်း၊ ထိုင်ခုံအစွပ်များစွပ်ထားပါက မကြာခဏ သန့်ရှင်းပေးရန်လိုအပ်ပါတယ်
📌ကားအနောက်ခန်း Trunk Area ကို သန့်ရှင်းရေး ပြုလုပ်ပါ
ပုံမှန်အားဖြင့် သန့်ရှင်းရေးပြုလုပ်ရာတွင် ပစ္စည်း အတင်အချ များသောနောက်ခန်းကို သန့်ရှင်းရေး ပြုလုပ်ရန် သတိမထားမိပဲ မေ့ကျန်တာမျိုး ဖြစ်တတ်ကြပါတယ် ရေစိုနေသောထီးများ , အဝတ်အိတ်, ဈေးဝယ်ပစ္စည်းများ အမြဲ အတင်အချ ပြုလုပ်နေသော နေရာတွင် စိုထိုင်းမှုများပြီး အနံ့အသက်များ ဖြစ်ပေါ်နိုင်သည့် ကားနောက်ခန်းကိုလဲ ပုံမှန်သန့်ရှင်းရေး ပြုလုပ်သင့်ပါတယ်
☎️ Yangon Showroom Hotlines- 09964227253, 09969700625
☎️ Mandalay Showroom Hotline- 09977972986
☎️ Monywa Showroom Hotlines - 09441111184, 09442222284
Негізгі бет မိုးရာသီမှာ ကားအတွင်းပိုင်းအနံ့အသက်ဆိုးများ ဖြစ်ပေါ် မှုမှ ကာကွယ်ရန်လုပ်ဆောင်သင့်သည့် အချက်များ
Пікірлер: 1