စစ်ကူလာတဲ့ စစ်အုပ်စုက ရွာကို မီးရှို့ဖျက်ဆီး၊
သက်တန့်/ MFP ၊ ဇွန် - ၁၂
မုံရွာမြို့ အခြေစိုက် အာဏာသိမ်း စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) နဲ့ တစ်မိုင်ခန့်သာဝေးပြီး နမခ ကာကင်းစခန်းဖြစ်တဲ့ ထီးတော်တင်ရွာ စစ်အုပ်စု စခန်းကို တော်လှန်ရေး တပ်ပေါင်းစုအဖွဲ့တွေက မနေ့က စီးနင်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကိုယ်တိုင် ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရဲဘော်က MFP ကို ပြောပါတယ်။
မနေ့ ဇွန်(၁၁)ရက် ညနေ(၄)နာရီခွဲက (နမခ) အနီး ဘုတလင်မြို့နယ်ထဲက စစ်အုပ်စု အင်အား(၄၀)လောက် အထိုင်ချ တပ်စွဲထားတဲ့ နမခရဲ့ ကာကင်းစခန်း၊ ထီးတော်တင်ရွာ စစ်အုပ်စု စခန်းကို တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်အုပ်စု ငါးယောက် ဖမ်းမိပြီး အလောင်းခုနှစ်လောင်းနဲ့အတူ (၆၀မမ) စိန်ပြောင်းတစ်လက်၊ လက်နက်ငယ် (၁၁)လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
“မျက်မြင်အလောင်းက ခုနှစ်လောင်းလောက် ရှိတယ်ဗျ။ အရှင်ဖမ်းမိခဲ့တာက ငါးယောက်၊ ထွက်ပြေးတာလည်း ရှိတယ်ဗျ။ လက်နက်ချ အညံ့ခံတာက ငါးယောက်ဗျ။ သိမ်းဆည်း ရမိတဲ့လက်နက်တွေက (MA-2) တစ်လက်၊ (MA-1 ၊(MA-3)၊ ၆၀ ကွန်မန်ဒို စိန်ပြောင်း တစ်ပြောင်း ရယ်ဗျ။ ဂန်းငယ်ကိုးလက်နဲ့ (၆၀) ပြောင်းတစ်ပြောင်းဗျ”
တိုက်ပွဲအတွင်းမှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ရဲဘော်နှစ်ဦး လက်၊ ခြောက်ထောက်မှာ ဒဏ်ရာရပြီး မစိုးရိမ်ရဘူးလို့ ပြောပါတယ်။
“(၁၁)ရက်နေ့ ညနေ(၄)နာရီခွဲမှာ မစ်ရှင် စတင် ဖော်ဆောင်တာဗျ။ (၅)နာရီ ကျော်ကျော်ကျ ပြီးသွားပြီဗျ။ (၅)နာရီ (၁၅)၊ (၅)နာရီခွဲလောက်ကျ။ သူတို့ဘက်က စစ်ကူကလည်း နမခနဲ့ နီးတာဆိုတော့ အမြန်ဆုံး ရောက်လာလို့ဗျ။ စခန်း မဟုတ်ဘူးဗျ။ သူတို့က တပ်စွဲထားတာပေါ့။ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းထဲမှာ တပ်စွဲထားတဲ့ဟာ၊ အင်အားက (၂၀)ပတ်ချာလည်လောက်လေး။ ကျနော်တို့က သတင်းရလို့ ကျနော်တို့ မဟာမိတ်ပူးပေါင်းတပ်တွေ သွားပစ်တာဗျ”
အဆိုပါ ဘုတလင်နယ် ထီးတော်တင်ရွာမှာ အထိုင်ချထားတဲ့ စစ်အုပ်စုက ဘုတလင်နယ် မြောက်ခြမ်းက ရွာတွေကို ရွာစဉ်လှည့် မီးရှို့ဖျက်ဆီးနေတဲ့ စစ်အုပ်စုအဖွဲ့ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထီးတော်တင်ရွာက စစ်အုပ်စုစခန်း သိမ်းပိုက်ခံရပြီးနောက်မှာလည်း (နမခ) ကနေ စစ်ကူရောက်လာတဲ့ စစ်အုပ်စုက ထီးတော်တင်ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီ နမခ ကာကင်းစခန်း စခန်းသိမ်းတိုက်ပွဲမှာ ယင်းမာပင်မြို့နယ် ပကဖ ( ULF စစ်ကြောင်းမှုး ) ဦးစီးပြီး ဒေသခံ ကာကွယ်ရေး အဖွဲ့တွေ၊ တပ်ရင်းတပ်ဖွဲ့တွေဖြစ်တဲ့ ယင်းမာပင်မြို့နယ် တိုက်နယ် ၁ ပကဖ ( ချိုမိုင်မိုင်အဖွဲ့၊ နဂါးညီနောင်အဖွဲ့၊ ချင်းတွင်းတိုက်ဂါးအဖွဲ့၊ B2 Fighter အဖွဲ့၊ CT lPDF အဖွဲ့၊ ထန်းတပင်အဖွဲ့၊ K2 အဖွဲ့၊ ဒေါင်းလုလင်အဖွဲ့၊ သေမင်းတမန်အဖွဲ့ )၊ ယင်းမာပင်မြို့နယ် တိုက်နယ် ၁၀ ပကဖ ( ဗိုလ်မုတ်ဆိတ်အဖွဲ့ ) ၊ ယင်းမာပင်မြို့နယ် တိုက်နယ် ၉ ပကဖ( ဗျတ္တညီနောင်အဖွဲ့၊ ဗိုလ်ထွန်းတောက်အဖွဲ့ ) ၊ ကနီမြို့နယ် တိုက်နယ် ၅ ပကဖ အဖွဲ့။ ယင်းမာပင်ခရိုင် တပ်ရင်း ( ၁၇ ) B21 PDF၊ ယင်းမာပင်ခရိုင် ဗျူဟာ အမှတ် ( ၄၅ ) KLG PDF။ ယင်းမာပင်ခရိုင် တပ်ရင်း ( ၃၅ ) PDA ကျောင်းသားလက်ရုံးတပ်တော်၊ မုံရွာခရိုင်တပ်ရင်း ( ၁၃ ) AungSanGeneration၊ မုံရွာခရိုင် တပ်ရင်း ( ၁၄ )၊ ချင်းတွင်း Brother LPDF၊ ဘုတလင် Mobile team တို့ ပူးပေါင်ကာ စနစ်တကျ စစ်ရေးစီမံချက်ရေးဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးရမိ စစ်သုံ့ပန်းတွေကို နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေနဲ့အညီ ထိန်းသိမ်းထားရှိပြီး သက်ဆိုင်ရာကို လွှဲပြောင်း လအပ်နှံနိုင်ရေး ဆက်လက်ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
#Mandalay_Free_Press_MFP
Негізгі бет မုံရွာ နမခ ကာကင်း စခန်းကို သိမ်းပိုက်၊ စစ်အုပ်စု (၂၀)ခန့် သေကာ ငါးယောက် ဖမ်းမိပြီး လက်နက်တွေ ရ၊
No video
Пікірлер: 20