မြန်မာ့ရိုးရာ မုန့် တမျိုးဖြစ်တဲ့ မုန့်ကျွဲသည်းလုပ်နည်းပါ။ မုန့်ကျွဲသည်း ရဲ့ မူလ လုပ်နည်းက ဆန်မှုန့်၊ထန်းလျက်နဲ့လုပ်တာဖြစ်ပြီး မုန့်ကို ခဲစေဖို့ ထုံးရည်ကြည့်ထည့်လေ့ရှိပါတယ်။ ထုံးကို အခုလို မုန့်ထဲထည့်စားရင် ကျောက်ကပ်ကို ထိခိုက်စေတယ်လို့ ဖတ်သားဖူးပါတယ်။ ဒါကြောင့် မုန့်လုပ်တဲ့အခါ ခဲစေဖို့အတွက် ပြောင်းကော်မှုန့်နဲ့ ဆန်မှုန့်ကို အချိုးအစားဆတူ ရောပြီး ပြုလုပ်ထားပါတယ်။ပြောင်း ကော်မှုန့်ချည်းနဲ့ပဲလုပ်တာလည်း မြင်ဖူးပေမယ့် ဟိုးအရင်ကတည်းက မုန့်လုပ်နည်းလေးလည်း မပယ်၊ ဒီခေတ်ရဲ့ လုပ်နည်းလေးပါ ရောသမမွှေပြီး ပြုလုပ်ထားပါတယ်။
ပါဝင်တဲ့ပစ္စည်းတွေကို အောက်တွင် ဖော်ပြပေးထားပါတယ်။
ဒီပေ့ချ်လေးက ပို့စ်တင်ပေမယ့် လူတိုင်းဆီကိုမရောက်တဲ့ အတွက် ယူကျူ့မှာ Subscribe လုပ်တဲ့အခါ ဘေးနားက ခေါင်းလောင်းလေးကိုနှိပ်ထားရင် ပို့စ်အသစ်တင်တိုင်း Notification ကို သိရှိမှာဖြစ်ပါတယ်။
ဗီဒီယိုကိုကြည့်ပြီး မရှင်းလင်းတာရှိရင်လည်း comment ပေးပြီးမေးလို့ရပါတယ်။ ကျွန်တော် K2 ရဲ့ ဟင်းချက်တဲ့ ဗီဒီယိုလေးများကို အမြဲကြည့်ရှှုဖို့ ယူကျု့မှာ Subscribe လုပ်ပေးပါဦးခင်ဗျာ။ ဗီဒီယိုလေးတွေထပ်ပြီးတင်သွားဖို့ အားတွေက ကျွန်တော့် အချစ်ဆုံး K1 နဲ့ ကျွန်တော့်ရဲ့ ဗီဒီယိုလေးကို အမြဲအားပေးကြည့်ရှုပေးတဲ့ မိတ်ဆွေ တွေပါ။
လာရောက်ကြည့်ရှုသူ မိတ်ဆွေ တွေအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ။
Cook for K1_ KZitem Channel
/ cookfork1
Cook for K1 _Facebook page
/ cookfork1
#cookfork1 #CookforK1 #မုန့်ကျွဲသည်း #Burmesericepudding
ပါဝင်တဲပစ္စည်းတွေကတော့
ဆန်မှုန့် - ထမင်းစားဇွန်း ၄ ဇွန်း
ပြောင်းကော်မှုန့် - ထမင်းစားဇွန်း ၄ ဇွန်း
ရေ - ရေသန့်ဘူးကြီး တဝက်
ထန်းလျက် - ၁၂ လုံး (အချိုကြိုက်ရင် ပိုထည့်ပါ)
ဆား - နည်းနည်း
အုန်းသီး
Ingredients
Rice flour - 40g
Corn flour - 40g
Water - 500 ml
Salt - a pinch
Jaggery - 120 g
Shredded coconut
Zaw Gyi
မုန္႔ကၽြဲသည္း (Myanmar rice pudding _ Myanmar traditional snack)
ျမန္မာ့ရိုးရာ မုန္႔ တမ်ိဳးျဖစ္တဲ့ မုန္႔ကၽြဲသည္းလုပ္နည္းပါ။ မုန္႔ကၽြဲသည္း ရဲ႕ မူလ လုပ္နည္းက ဆန္မႈန္႔၊ထန္းလ်က္နဲ႕လုပ္တာျဖစ္ၿပီး မုန္႔ကို ခဲေစဖုိ႔ ထံုးရည္ၾကည့္ထည့္ေလ့ရွိပါတယ္။ ထံုးကုိ အခုလို မုန္႔ထဲထည့္စားရင္ ေက်ာက္ကပ္ကို ထိခိုက္ေစတယ္လုိ႔ ဖတ္သားဖူးပါတယ္။ ဒါေၾကာင့္ မုန္႔လုပ္တဲ့အခါ ခဲေစဖုိ႔အတြက္ ေျပာင္းေကာ္မႈန္႔နဲ႕ ဆန္မႈန္႔ကို အခ်ိဳးအစားဆတူ ေရာၿပီး ျပဳလုပ္ထားပါတယ္။ေျပာင္း ေကာ္မႈန္႔ခ်ည္းနဲ႕ပဲလုပ္တာလည္း ျမင္ဖူးေပမယ့္ ဟိုးအရင္ကတည္းက မုန္႔လုပ္နည္းေလးလည္း မပယ္၊ ဒီေခတ္ရဲ႕ လုပ္နည္းေလးပါ ေရာသမေမႊၿပီး ျပဳလုပ္ထားပါတယ္။
ပါဝင္တဲ့ပစၥည္းေတြကို ေအာက္တြင္ ေဖာ္ျပေပးထားပါတယ္။
ဒီေပ့ခ်္ေလးက ပို႔စ္တင္ေပမယ့္ လူတိုင္းဆီကိုမေရာက္တဲ့ အတြက္ ယူက်ဴ႕မွာ Subscribe လုပ္တဲ့အခါ ေဘးနားက ေခါင္းေလာင္းေလးကိုႏွိပ္ထားရင္ ပို႔စ္အသစ္တင္တိုင္း Notification ကို သိရွိမွာျဖစ္ပါတယ္။
ဗီဒီယိုကိုၾကည့္ၿပီး မရွင္းလင္းတာရွိရင္လည္း comment ေပးၿပီးေမးလို႔ရပါတယ္။ ကြၽန္ေတာ္ K2 ရဲ႕ ဟင္းခ်က္တဲ့ ဗီဒီယိုေလးမ်ားကို အၿမဲၾကည့္ရွႈဖို႔ ယူက်ဳ႕မွာ Subscribe လုပ္ေပးပါဦးခင္ဗ်ာ။ ဗီဒီယိုေလးေတြထပ္ၿပီးတင္သြားဖို႔ အားေတြက ကြၽန္ေတာ့္ အခ်စ္ဆုံး K1 နဲ႔ ကြၽန္ေတာ့္ရဲ႕ ဗီဒီယိုေလးကို အၿမဲအားေပးၾကည့္ရႈေပးတဲ့ မိတ္ေဆြ ေတြပါ။
လာေရာက္ၾကည့္ရႈသူ မိတ္ေဆြ ေတြအားလုံး က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။
Cook for K1_ KZitem Channel
/ cookfork1
Cook for K1 _Facebook page
/ cookfork1
#cookfork1 #CookforK1 #မုန္႔ကၽြဲသည္း #Burmesericepudding
ပါဝင္တဲပစၥည္းေတြကေတာ့
ဆန္မႈန္႔ - ထမင္းစားဇြန္း ၄ ဇြန္း
ေျပာင္းေကာ္မႈန္႔ - ထမင္းစားဇြန္း ၄ ဇြန္း
ေရ - ေရသန္႔ဘူးႀကီး တ၀က္
ထန္းလ်က္ - ၁၂ လံုး (အခ်ိဳႀကိဳက္ရင္ ပိုထည့္ပါ)
ဆား - နည္းနည္း
အုန္းသီး
Ingredients
Rice flour - 40g
Corn flour - 40g
Water - 500 ml
Salt - a pinch
Jaggery - 120 g
Shredded coconut
Негізгі бет Тәжірибелік нұсқаулар және стиль မုန့်ကျွဲသည်း (Myanmar rice pudding _ Myanmar traditional snack)
Пікірлер: 205