ကမ္ဘာကျော် ရှေးဟောင်းမြို့တော် ပုဂံမှာ မြန်မာတို့ရဲ့ ဂုဏ်ယူ ဝံ့ကြွားဖွယ်ရာ ယဉ်ကျေးမှု အမွေအနှစ်တွေကို လေ့လာရင်း တန်ခိုးကြီး ဘုရားတွေ ဖူးမြော်နိုင်စေဖို့ My Bagan Residence by Amata မှာ အနားယူအပန်းဖြေကြမယ်။
ဆုတောင်းပြည့်စွယ်တော်လေးဆူနဲ့ အခြားစေတီးပုထိုးတွေကိုပါ ဖူးမြော်နိုင်မည့် အပြင် နေဝင်ချိန်နေထွက်ချိန် ခံစားဖို့အကောင်းဆုံးနေရာကိုပြပါဆိုလျှင် အားလုံးက ပုဂံကိုပဲ ပြေးမြင်ကြမယ် ထင်ပါတယ်။ အညာမြေမှာ အိုအေစစ်လေးလို စိမ်းလန်းပြီး ဆိတ်ငြိမ်တဲ့ ခြံဝန်းကျယ်ကြီးထဲက Boutique Style အခန်းလေးတွေမှာ အနားယူလို့ရပြီး ပုဂံဒေသရဲ့ အနှစ်သာရကိုခံစားခွင့်ရနိုင်ဖို့ My Bagan Residence by Amata မှ ဖိတ်ခေါ်ပါရစေ။
ပုဂံနယ်မြေအတွင်း လည်ပတ်နိုင်ဖို့ဖြေကြားပေးမယ့် ဖော်ရွေတဲ့ ဝန်ထမ်းများလည်းရှိပါတယ်။
Негізгі бет My Bagan Residence by Amata - ပုဂံ ညောင်ဦး
Пікірлер