ပြဒါးလင်းဂူ
ဝမ်းတွင်းဂူ
ပရိတ်သတ်များအားလုံးပဲမင်္ဂလာပါ...MRTV Travelogue ပရိတ်သတ်တွေကို အခုတခါမှာက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို Travelogue အစီအစဉ်ကနေ အလည်တစ်ခေါက်ခေါ်သွားချင်ပါတယ်...အပိုင်း(၇)မှာတော့ ပရိတ်သတ်တွေအနေနဲ့ အရမ်းစိတ်ဝင်စားကြမယ့် နေရာတွေကို MRTV Travelogue ကနေ ခေါ်ဆောင်သွားချင်ပါတယ်။ အဲ့ဒီနေနရာတွေကတော့ ပြဒါးလင်းဂူနဲ့ ဝမ်းတွင်းဂူတို့ပဲ ဖြစ်ပါတယ်။ ပြဒါးလင်းဂူကိုတော့ ရွာငံမြို့နယ် ကင်းတာဆည်ကနေ စက်လှေ(၄၅) မိနစ်လောက်စီးပြီးလေှဆိပ်ကနေ ဂူရှိရာဆီ လမ်းထပ်လျှောက်ရပါသေးတယ်။ ပြဒါးလင်းဂူကြီးမှာက သုတေသနပညာရှင်တွေရဲ့ ကောက်နုတ်ချက်စစ်တမ်းများအရ ကျောက်ခေတ်လူသားတွေ နေထိုင်ခဲ့ကြတယ်လို့ ယူဆကြပါတယ်တဲ့၊ ဂူအတွင်းမှာ နံရံဆေးရေးပန်းချီတွေလည်း လေ့လာမြင်တွေ့ရသလို ကျောက်ခေတ်မှာအသုံးပြုခဲ့တဲ့ ကျောက်ခေတ်လက်နက်တွေကိုလည်း လေ့လာမြင်တွေ့ကြရမှာပါ။ ဝမ်းတွင်းဂူမှာကတော့ သဘာဝအဆန်ဆုံး ကျောက်စက်ပန်းဆွဲတွေအပြင် စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေကိုလည်း လေ့လာမြင်တွေ့ကြရမှာဖြစ်လို့ အခုပဲ ဗီဒီယိုဖိုင်ကို ဖွင့်ကြည့်လိုက်တော့နော်...
Негізгі бет MY Travelogue (ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ခရီးသွားခြင်း...အပိုင်း-၇)
Пікірлер: 2