မြို့ပြအထိစစ်ကောင်စီကိုခြိမ်းခြောက်တော့မယ့် MBT (ရုပ်/သံ)
မကွေး ၊ ဧပြီ ၂ ၊ ၂၀၂၄ ။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အခြေစိုက် Myingyan Black Tiger-MBT အဖွဲ့ဟာ စစ်ကောင်စီကို မြို့ပြတွေအထိ တက်ပြီးခြိမ်းခြောက်တော့မယ်လို့ တပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
မြို့တမြို့တည်းကို ကိုယ်စားပြုတာမျိုးမဟုတ်ဘဲ စစ်အုပ်စုဘက်ကစိုးမိုးထားတဲ့ မြို့ပြတွေကို ဝင်ရောက်ထိုးဖောက်မှာဖြစ်ပြီး စစ်ကောင်စီကိုခြိမ်းခြောက်မှုပြုလုပ်မှာလို့ ဆိုပါတယ်။
Myingyan Black Tiger-MBT တပ်ဖွဲ့အနေနဲ့ တိုက်ခိုက်ရေးရဲဘော် ၅ ဦး ထောက်ပို့ရဲဘော် ၂ ဦးတို့နဲ့ တပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး လက်လုပ်သေနတ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ကြတာပါ။
တပ်ဖွဲ့အနေနဲ့ မန္တလေး၊ စစ်ကိုင်း၊ မကွေး တိုင်းတွေမှာ ဌာနချုပ်ရုံးနဲ့ လက်ခွဲစခန်းတွေထားရှိထားပြီး နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာမြို့တွေမှာ တပ်ဖြန့်ထားတာလည်းဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းမှာဆိုရင် မြောင်နဲ့ ချောင်းဦးဘက်တွေမှာ စစ်ရေးတွေလုပ်ဆောင်နေပြီး မကွေးတိုင်းမှာဆိုရင် ရေလယ်ကျွန်းဒေသ ပခုက္ကူ ရေစကြိုမြို့ပေါ်တွေထိ နယ်မြေစိုမိုးမှုတွေရှိတယ်လို့ ပြောပါတယ်။
အခုဆိုရင် မြို့ပေါ်တွေအထိ စစ်ကောင်စီကိုခြိမ်းခြောက်နိုင်မယ့် စခန်းသိမ်းတိုက်ပွဲတွေဖော်ဆောင်တော့မှာဖြစ်တဲ့အတွက် လက်နက်ကြီးနဲ့ လက်နက်ခဲယမ်း ဝယ်ယူဖို့အတွက် မြို့ပြဆီသို့ ကမ်ပိန်းကို ပြုလုပ်နေပါတယ်။
ကမ်ပိန်းကာလကို ၄ လပိုင်း ၁ ရက်ကနေ ၆ လပိုင်း ၁ ရက်အထိ သတ်မှတ်ထားပြီး လက်နက်ကြီးနဲ့ ခဲယမ်းဝယ်ယူဖို့အတွက် ကျပ်သိန်း ၃၀၀၀ (သိန်းသုံးထောင်ကျပ်) ရရှိတဲ့အထိ ရှာဖွေသွားမယ်လို့ ဆိုပါတယ်။
Myingyan Black Tiger-MBT အဖွဲ့ကို ၂၀၂၂ ခုနှစ် မေလ ၁ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး အခုလာမယ့် ၂၀၂၄ခုနှစ် မေလမှာ တပ်ဖွဲ့တည်ထောင်ခြင်း ၂နှစ်ပြည့်တော့မှာဖြစ်ပါတယ်။
သတင်း - ဒိန်းဂျား၊တည်းဖြတ်-HP
#မြေလတ်အသံ
Негізгі бет မြို့ပြအထိစစ်ကောင်စီကိုခြိမ်းခြောက်တော့မယ့် MBT
No video
Пікірлер: 27