သိန်းငှက်၊ လင်းယုန်၊ စွန်ရဲ ပြိုင်ပွဲကို Myanmar Falconry Championship ဦးဆောင်ပွဲကျင်းပ
-----------------------------
ဒီဇင်ဘာ(၂၈)AlinnMyay(အလင်းမြေ)
သိန်းငှက်၊ လင်းယုန်၊ စွန်ရဲ ငှက် သားစားငှက်များ ပြိုင်ပွဲကို Myanmar Falconry Championshipက ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့မနက်က မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် Nature Life မြင်းစီးကွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီပြိုင်ပွဲကို Myanmar Falconers' Club က ဦးစီးပြုလုပ်ခဲ့တာဖြစ်ပြီး ဒီပြိုင်ပွဲ ပြုလုပ်ခဲ့တာဟာ ဒီနှစ်အပါအဝင် သုံးကြိမ်ရှိပြီး သိန်းငှက်၊ လင်းယုန်၊ စွန်ရဲ စတဲ့ သားစားငှက်တွေကို ထိန်းသိမ်းမွေးမြူသူတွေအနေနဲ့တစ်နှစ်တစ်ခေါက် ဆုံတွေ့နိုင်ဖို့ရည်ရွယ် ပြီးပြုလုပ်ခဲ့တာလည်းဖြစ်တယ်။
၂၀၁၆ မှာ စပြီးလုပ်တယ် ၂၀၁၇ မှာ တော့မလုပ်ဖြစ်ဘူး၂၀၁၈ နဲ့ ခု ၂၀၁၉ ဆို သုံးကြိမ်ရှိပြီဗျ ပထမတုန်းကတော့ နှစ်ကောင် သုံးကောင်နဲ့ စလုပ်ရတယ် ဒုတိယလုပ်တုန်းကလည်း မများသေးဘူး ခု တတိယအကြိမ်မှာတော့ ဆယ်ယောက်ကျော်လာတယ်လေ တဖြည်းဖြည်းတိုးတက်လာတဲ့ သဘောပါလို့Myanmar Falconers' Club မှ Founder က ကိုစိုင်းနောင် က အခုလိုပြောပါတယ်။
အခုပြိုင်ပွဲမှာအမဲလိုက်ခြင်း (Hawking) ဝဲပျံခြင်း (Soaring) သားကောင်အတုနဲ့ကစားပြခြင်း (Lure swing) စတဲ့ပြိုင်ပွဲ သုံးမျိုးကို ပြိုင်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်ကနေ လာရောက်ကြတဲ့ ဝါသနာရှင်များ စိတ်ဝင်စားသူများ ငှက်ဝါသနာရှင်များ လာရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
လာရောက်ပြီယှဉ်ပြိုင်ကြတဲ့ပြိုင်ပွဲဝင်သူတွေအနေနဲ့ဆယ့်နှစ်ယောက်ရှိပေမယ့် ပြိုင်ပွဲသို့ အနယ်နယ်အရပ်ရပ်က သားစားငှက်များကို ထိန်းသိမ်းမွေးမြူသူ အများအပြားလာရောက်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူအား အမှတ်တရ ဆုတံဆိပ်နဲ့ ငွေကျပ် တစ်သိန်းချီးမြှင့် သွားမှာလည်းဖြစ်ပါတယ်။
အခုလိုပြိုင်ပွဲများကို ဝါသနာရှင်များအနေနဲ့ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာပြီး ဒီထက်မက သားကောင်ဖမ်းနည်းများ တိုးတက်လာအောင်ကြိုးစားဆောင်ရွက်သွားဖို့မျော်လင့်သလို သက်ဆိုင်ရာဌာနက တာဝန်ရှိသူတွေအနေနဲ့တရားဝင်အသိအမှတ်ပြုအောင် စာတင်သွားမှာလည်းဖြစ်ကြောင်း သိရပါတယ်။
မင်းထွဋ်ခေါင်
#AlinnMyay(အလင်းမြေ) #သိန်းငှက် #လင်းယုန် #စွန်ရဲ #ပြိုင်ပွဲ
Негізгі бет Myanmar Falconry Championship ဦးဆောင်ပွဲကျင်းပ
Пікірлер: 16