ကျွန်ုပ်တို့ တောင့်တနေသည့် သခင်ယေရှုသည် ကြွလာလေပြီ။ နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော်ကို မိတ်ဆွေ သိလိုပါသလား။ ဘုရားသခင်၏ နောက်ဆုံးသော အချိန်ကာလ ကယ်တင်ခြင်းကို မိတ်ဆွေ ရရှိလိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်ဖို့ အားမနာပါနှင့်။ Messenger: shurl.me/MyMessenger
Myanmar Testimony Video - ပညာရှိသတို့သမီးတွေက သခင့်ကို ကြိုဆိုမိကြပုံ
အာနစ်နှင့် မီရေးမှာ သူငယ်ချင်းကောင်းများဖြစ်သည်။ တစ်ရက်တွင် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ရိုက်ကူးသည့် နားခိုရာအိမ် ဘယ်မှာလဲ ဟူသော ရုပ်ရှင်ဇာတ်ကားကို အခါအခွင့်သင့်၍ သူတို့ ကြည့်မိကြသည်။ ရုပ်ရှင်မှာ စိတ်အား တက်ကြွစရာကောင်းသလို၊ အထူးသဖြင့် အဓိကဇာတ်ကောင်၏ ဘဝကို ပြောင်းလဲပေးသော စာအုပ်အကြောင်းကို သူတို့ သိချင်ကြသည်။ ယင်းစာအုပ်ထဲမှ နှုတ်ကပတ်တော်တို့၌ နွေးထွေးမှုနှင့် သြဇာအာဏာကို သူတို့ သတိပြုမိသည်။ ထိုနှုတ်ကပတ်တော်တို့ကို ဘယ်လို သာမန်လူသားကမှ မပြောဆိုနိုင်မှန်းလည်း ခံစားမိကြသည်။ ဤနှုတ်ကပတ်တော်တို့သည် ပြန်ကြွလာသော သခင်၏ မိန့်မြွက်ချက်များ ဖြစ်ကြောင်း ကြားရသည့်အခါတွင်မူ၊ သူတို့နှစ်ယောက် မယုံကြည်နိုင်ကြပေ။ သူတို့သိထားသမျှမှာ၊ သခင်သည် မိုးတိမ်ကို စီး၍ အတိအလင်း ပေါ်ထွန်းလာခြင်း ယခုထိ မရှိသေးချေ။ ထို့ကြောင့် သခင်သည် ပြန်ကြွလာပြီဟု အခိုင်အမာ ဆိုနိုင်မည်လား။ စိတ်ထဲတွင် ဝိရောဓိဖြစ်မိကြပြီးနောက်၊ ဘုရားသခင်သည် လူသား၏ အတွေးများ၊ စိတ်ကူးများထက် သာလွန်သည်ဟူသော အချက်ကို သူတို့ စဉ်းစားမိသည်။ သူတို့အယူအဆများ၊ စိတ်ကူးများကို စွန့်ပစ်ကာ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို စူးစမ်းမည်ဟုလည်း ဆုံးဖြတ်လိုက်ကြသည်။ သူတို့သည် ဘုရားသခင်၏ အသံတော်ကို မည်သို့ အသိအမှတ်ပြု၍၊ နောက်ဆုံးတွင် သခင့်ကို မည်သို့ ကြိုဆိုမိမည်နည်း။ အာနစ် ပြောပြသော သူတို့အဖြစ်အပျက်ကို နားထောင်ကြည့်ကြပါစို့။
ကျေးဇူးပြု၍ မှတ်သားရန်- ဤချန်နယ်လ်မှ ဗီဒီယိုများအားလုံးကို အခမဲ့ကြည့်ရှုနိုင်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ KZitem ချန်နယ်လ်မှ မည်သည့် ဗီဒီယိုကိုမဆို ကြိုတင်ခွင့်ပြုချက် မရှိဘဲ၊ သီးခြားပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အုပ်စုက တစ်စုတစ်လေက ကူးယူခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ကွန့်ခြင်း သို့မဟုတ် ကောက်နုတ်ခြင်းတို့ကို အထူးတလည် ရည်ရွယ်၍ တားမြစ်ထားပါသည်။ ဤစည်းမျဉ်းစည်းကမ်း တစ်ခုတစ်လေကို ချိုးဖောက်သည့် မည်သည့်ကိစ္စရပ်ကိုမဆို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က တရားဥပဒေအရ အရေးယူမှုများ ပြုလုပ်ခွင့်ရှိပါသည်။ လူသိရှင်ကြား ဖြန့်ဝေခြင်းအတွက် ကြိုတင်တောင်းဆိုရန် ကျွန်ုပ်တို့အား ကျေးဇူးပြု၍ ဆက်သွယ်ပါ။
Негізгі бет Фильм және анимация Myanmar Testimony Video - ပညာရှိသတို့သမီးတွေက သခင့်ကို ကြိုဆိုမိကြပုံ
Пікірлер: 1