မြန်မာနိုင်ငံအရေး ဖြေရှင်းရန် ချည်းကပ်သောနည်းလမ်းများကို အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများအပါအဝင် နိုင်ငံ တကာ အဖွဲ့ အစည်းများ အနေဖြင့် ပြန်လည် သုံးသပ်ပေးပါရန် CDM အဖွဲ့ ၄ ခုက ယမန်နေ့ ဩဂုတ်လ ၂၃ ရက်နေ့တွင် ပူးတွဲ ထုတ်ပြန် တိုက်တွန်းလိုက်သည်။
“မြန်မာ့အရေးကို ပြေလည်အောင် ဖြေရှင်းဖို့ဆိုရင် ပြီးခဲ့တဲ့ ၃ နှစ်ကျော် ကာလလုံး စဉ်းစားခဲ့ကြတဲ့ နည်း လမ်းတွေက အလုပ်မဖြစ်၊ အသုံးမဝင်တော့ဘူး။ အဲဒီနည်းလမ်း တွေက အကြမ်းဖက်စစ်တပ် ကို သက်ဆိုးရှည်စေတဲ့ နည်းလမ်းတွေမို့ မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ လည်းမကိုက်ညီဘူး။ NUG နဲ့ မိတ်ဆက်တိုင်းရင်းသား မဟာမိတ်တွေကသာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စားပြုတာမို့ နိုင်ငံ တကာအနေနဲ့ NUG ကိုသာ အစိုးရအဖြစ် အသိအမှတ်ပြုဖို့လိုပါတယ်။
အကြမ်းဖက်စစ်တပ်သည်လည်း အာဏာသိမ်းရန်ကြိုးပမ်းခဲ့သည့် ကာလတလျှောက်လုံး ပြုလုပ်ခဲ့ သည့် ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ ပိုင်ဆိုင်မှုများအား ခိုးယူလုယက်ပြီး အဓမ္မ သိမ်းယူခြင်း၊ မြို့ရွာနှင့်အိုးအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ လူနေရပ်ကွက်နှင့်မြို့ရွာများပေါ်သို့ လေ ကြောင်းမှဗုံးကျဲတိုက်ခိုက်မှုပြုလုပ်ခြင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်း၊ ကလေးသူငယ်များ အား အသက်နှင့်ခန္ဓာဆုံးရှုံးစေခြင်းများကို ယနေ့အထိတိုင်အောင် နေ့စဥ်ရက်ဆက်ပြုလုပ်နေဆဲဖြစ် ကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်မှ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများအကြိမ်ကြိမ်ကျူးလွန်နေကြောင်းနှင့် လူ့ အခွင့်အရေးကို ဆိုးရွားစွာချိုးဖောက်သည့် အကြမ်းဖက်မှုများကျူးလွန်နေကြောင်းကို နိုင်ငံတကာသို့ အကြိမ်ကြိမ်အသိပေး၍ ထိရောက်စွာဟန့်တားအရေးယူပေးပါရန် မြန်မာပြည်သူများမှ နိုင်ငံတကာ သို့ အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း နိုင်ငံတကာမှ ၎င်းလူ့အခွင့်အရေးချိုးဖောက်မှုများကို ထိ ရောက်သော အရေးယူမှုများကိုပြုလုပ်ရန် ဆိုးရွားစွာပျက်ကွက်ခဲ့သောကြောင့် အကြမ်းဖက်စစ်တပ် သည် ယနေ့အထိ မိမိတို့ပြည်သူများအပေါ် အကြမ်းဖက်ခွင့်ရနေရခြင်းဖြစ်သည်ဟု မိမိတို့မှ မှတ်ယူ ပါကြောင်း CDM အဖွဲ့အစည်း ၄ ဖွဲ့က ထောက်ပြပြောဆိုထားသည်။
အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက်မှုများအား ထိရောက်စွာတားဆီး၍ အပြစ်ပေးရန်ပျက်ကွက်ရုံ သာမက နိုင်ငံတကာနှင့်အဖွဲ့အစည်းအချို့သည် အစည်းအဝေးပွဲများတွင် အကြမ်းဖက်စစ်တပ်၏ အဖွဲ့ဝင်များနှင့် ၎င်းတို့မှ ခန့်အပ်ထားသူများကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက်ပါဝင် စေခြင်းနှင့် နိုင်ငံအချို့မှ အကြမ်းဖက်စစ်တပ်ကို မိတ်ဖက်အဖြစ် ထိတွေ့ဆက်ဆံခြင်းသည် မြန်မာ ပြည်သူလူထု၏ ဆန္ဒသဘောထားကို အလေးမထားသည့် ဂုဏ်သိက္ခာမဲ့သောလုပ်ရပ်များ ဖြစ် ကြောင်း ဆက်လက်ပြောကြားသည်။
ထို့ကြောင့် နိုင်ငံတကာအသိုက်အဝိုင်းအနေဖြင့်-
(က) အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ၎င်း၏ မိတ်ဖက်များဖြစ်သော တိုင်းရင်းသား EROs များအား မြန်မာပြည်သူများကို ကိုယ်စားပြုသူများအဖြစ် အသိအမှတ်ပြု ထိတွေ့ဆက်ဆံရန်နှင့် အကြမ်းဖက် စစ်တပ်၏အဖွဲ့ဝင်များနှင့် ၎င်းတို့မှခန့်အပ်ထားသူများကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံတကာ အစည်းဝေးပွဲများတွင် ဆက်လက်ပါဝင်ခွင့်မပြုရန် ၊
(ခ) မြန်မာပြည်သူလူထု၏ အသက်ခန္ဓာနှင့်အိုးအိမ် များ နေ့စဉ်ပျက်စီးဆုံးရှုံးစေသည့် အရပ်သား ပြည်သူ ခွဲခြားမှုမရှိသော လေကြောင်းတိုက်ခိုက်မှု အန္တရာယ်မှ မြန်မာပြည်သူလူထုကို ကောင်းစွာ အကာအကွယ် ပေးနိုင်မည့် နည်းလမ်းများကို ထိထိ ရောက်ရောက်အကူအညီပေးရန်
(ဂ) လေကြောင်းတိုက်ခိုက်မှုအန္တရာယ်မှ တားဆီးနိုင်ရန် လေယာဉ်ဆီတင်သွင်းမှု ကန့်သတ်ပိတ်ပင် ခြင်း အပါအဝင် လေကြောင်းတိုက်ခိုက်မှုများ ကျူးလွန်နေသူ အကြမ်းဖက်စစ်တပ်နှင့် ၎င်း၏ ဆက် စပ်အဖွဲ့အစည်းများကို ထိရောက်သော အပြစ်ပေးအရေးယူမှုများ ချက်ချင်းပြုလုပ်ရန်
(ဃ) လက်ရှိအချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ၎င်း၏ မိတ်ဖက်များဖြစ်သော တိုင်းရင်းသားEROs အဖွဲ့များသည် မည်သည့်နိုင်ငံကမှ လက်နက်ကူညီထောက်ပံ့ပေးခြင်းမရှိဘဲ နိုင်ငံ့ဧရိယာ၏ ထက်ဝက်ကျော်ကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ရာ ၎င်းနယ်မြေများတွင် ပြည်သူများ အတွက် ဝန်ဆောင်မှုနှင့်အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်သော ကူညီထောက်ပံ့ မှုများ ပြုလုပ်ပေးရန်
(င) အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက်မှုအန္တရာယ်ကြောင့် နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးတိမ်း ရှောင်လာသော မြန်မာဒုက္ခသည်များကို အိမ်နီးချင်းနိုင်ငံများမှ လက်ခံပေး၍ လူသားချင်း စာနာပြီး ကာကွယ်စောင့်ရှောက်ပေးရန်နှင့် နိုင်ငံတကာမှလည်း အိမ်နီးချင်းနိုင်ငံများသို့ တိုက်တွန်းရန်
(စ) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ၎င်း၏မိတ်ဖက်များဖြစ်သော တိုင်းရင်းသား EROs အဖွဲ့များနှင့်အရပ်ဘက်အဖွဲ့အစည်းမျာအား နိုင်ငံတကာမှတိုက်ရိုက်ချိတ်ဆက်၍ မြန်မာပြည်သူ များအမှန် တကယ်လိုအပ်နေသည့် လူသားချင်းစာနာမှုအကူအညီများပေးရန်။
(ဆ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်းမည့် နည်းလမ်းများအပါအဝင် အကြမ်း ဖက်စစ်တပ်မှ ဦးဆောင်ပြီးကျင်းပမည့် ‘’အတုအယောင်ရွေးကောက်ပွဲ”တို့သည် မြန်မာနိုင်ငံ၏ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် မည်သို့မျှ အသုံးမဝင်ကြောင်းကို ယခုအချိန်တွင် နိုင်ငံ တကာ မှ ကောင်းစွာသိရှိနားလည်ရန်လိုအပ်မည်ဖြစ်ပြီး လွန်ခဲ့သည့် သုံးနှစ်ကျော်ကာလပတ်လုံး စွဲကိုင်ထားသော မည်သည့်တိုးတက်မှုမှမရှိသည့် အာဆီယံဘုံသဘောတူညီချက်(၅)ရပ်ကို ပြန်လည် သုံးသပ်၍ စစ်အာဏာရှင်စနစ်အပြီးတိုင်ဖျက်သိမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု တည်ဆောက်ရေးအတွက် ကြံ့ကြံ့ခံကြိုးပမ်းတိုက်ပွဲဝင်နေသော မြန်မာပြည်သူလူထု၏ ဆန္ဒကိုကောင်းစွာ သိရှိနားလည်ရန်ကြိုးစားကာ မြန်မာပြည်သူလူထုဆန္ဒကို အားပေးထောက်ခံရန် တိုက်တွန်းတောင်းဆိုထားသည်။
အဆိုပါ တိုက်တွန်းထုတ်ပြန်ချက်ကို မန္တလေးဒေသအကြမ်းမဖက်အာဏာဖီဆန်ရေးအဖွဲ့- MCDMO ၊ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ -(Mon State CDM Civil Servants Council - CCSCMON)၊ လွတ်လပ်သော CDM အင်အားစု (Independent CDM Alliance - ICA) နှင့် အခြေခံ ပညာ ပညာရေးဘုတ်အဖွဲ့များကော်မတီ (Committee on Boards of Basic Education - CBBE) တို့ပူးတွဲကာ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။
Негізгі бет မြန်မာ့အရေးဖြေရှင်းရန် ချည်းကပ်နည်းလမ်းများကို နိုင်ငံတကာက ပြန်လည် သုံးသပ်ရန် CDM ၄ဖွဲ့ က တိုက်တွန်း
Пікірлер