ကုလသမဂ္ဂ အဆင့်မြင့် အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာ့အရေး အထူးအကြံပေးကောင်စီ SAC-M အဖွဲ့ က အခု ရက်ပိုင်းမှာပဲ မြန်မာ စစ်တပ် ပြည်တွင်းမှာ လက်နက် ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အစီရင်ခံစာ တစ်စောင်ကို မရဏ စီးပွားရေး ဆိုတဲ့ ခေါင်းစဥ်တပ်ပြီး ထုတ်ပြန်ပါတယ်။
အဓိကကတော့ မြန်မာစစ်တပ်ပိုင် ပြည်တွင်းက လက်နက်စက်ရုံတွေ အကြောင်းနဲ့ အဲဒီ စက်ရုံတွေ လည်ပတ်နိုင်ဖို့ရာ ကုန်ကြမ်း ပစ္စည်းတွေက အစ၊ လိုအပ်တာတွေကို ဘယ်လို ရနေလဲ၊ နိုင်ငံရပ်ခြားက ဘယ်ကုမ္ပဏီတွေ ပါဝင် ပတ်သက် နေကြလဲ ဆိုတာကို ဖော်ထုတ် ထားတာ ဖြစ်ပါတယ်။
ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး လက်ရှိ အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း လက်အောက်က ကပစ ဆိုပြီး အတိုကောက် ရည်ညွှန်းကြတဲ့ လက်နက် စက်ရုံတွေကနေ ဘယ်လို လက်နက်မျိုးတွေ ပြည်တွင်းမှာ ထုတ်နေလဲ ... တပ်ဆင်နေလဲ .... အဲဒီလိုလုပ်နိုင်အောင် နိုင်ငံရပ်ခြား အပေါ် ဘယ်လို မှီခိုနေရသလဲ ဆိုတာတွေကို အဲဒီ အစီရင်ခံစာထဲ တွေ့ရပါတယ်။
မြန်မာစစ်တပ်ဟာ စစ်လက်နက် ပစ္စည်း ရရှိရေးမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှု ဘယ်လောက် အတိုင်းအတာထိ ရှိနိုင်လဲ ဆိုတာ အပါအဝင်
အစီရင်ခံပါ ထူးခြားတဲ့ အချက်တွေအကြောင်း ဒီတစ်ပတ် အာရုံစိုက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ကိုဝေဖြိုး စီစဥ် တင်ဆက်ထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း
Негізгі бет Ойын-сауық မြန်မာစစ်တပ် လက်နက်စက်ရုံတွေ ဘယ်သူတွေအပေါ် မှီခိုနေရလဲ - BBC News မြန်မာ
Пікірлер: 141