မြန်မာနိုင်ငံမှာ ပိဋကတ်အကျွမ်းဆုံး တိပိဋက၊ တိပိဋကကောဝိဒဘွဲ့ရ ဆရာတော်ဘုရားကြီးများအကြောင်းကို တင်ဆက်ပေးလိုက်ရပါတယ်။
တိပိဋက သာသနာ့ အာဇာနည်များ
▬▬▬▬ஜ۩۞۩ஜ▬▬▬▬▬
မြန်မာနိုင်ငံတွင် တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲကြီး စတင်ကျင်းပခဲ့သည့် သက္ကရာဇ် ၁၃၁၀-ပြည့်နှစ် (၁၉၄၈-ခုနှစ်) မှ စတင်၍ ၂၀၂၁-ခုနှစ် (၇၄-ကြိမ်) အထိ ပိဋကတ် ၃-ပုံဆောင်၊၂-ပုံဆောင်၊၁-ပုံဆောင်၊အစိတ်အဝက်အောင် စသည် သာသနာ့ကျက်သရေဆောင် အရှင်မြတ်များ များစွာပေါ်ထွန်းခဲ့ပါသည်။ ပိဋကတ်သုံးပုံ အာဂုံနှင့် သဘောရေးဖြေ အောင်နိုင်သည့် (တိပိဋကဓရ တိပိဋကကောဝိဒ) သာသနာ့ အာဇာနည်များ ပေါ်ပေါက်ခဲ့သည်။
(၁) (၁၉၅၃) မင်းကွန်းဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသ (၁၉၁၁-၁၉၉၃)၊
(၂) (၁၉၅၉) ပခုက္ကူဆရာတော် အရှင်နေမိန္ဒ (၁၉၂၈-၁၉၉၁)၊
(၃) (၁၉၆၃) ပြည်ဆရာတော် အရှင်ကောသလ္လ (၁၉၂၇-၁၉၉၅)၊
(၄) (၁၉၇၃) မဟာဂန္ဓာရုံဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ (၁၉၄၆-၂၀၀၆)၊
(၅) (၁၉၈၄) ယောဆရာတော် အရှင်သိရိန္ဒာဘိဝံသ (၁၉၄၃- သက်ရှိ)၊
(၆) (၁၉၉၄) ရေစကြိုဆရာတော် အရှင်ဝါယာမိန္ဒာဘိဝံသ (၁၉၅၅- သက်ရှိ)၊
(၇) (၁၉၉၉) မော်ကျွန်းဆရာတော် အရှင်သီလက္ခန္ဓာဘိဝံသ (၁၉၆၄- သက်ရှိ)၊
(၈) (၁၉၉၉) မြင်းမူဆရာတော် အရှင်ဝံသပါလာလင်္ကာရ (၁၉၆၅- သက်ရှိ)၊
(၉) (၂၀၀၀) မြင်းခြံဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရ (၁၉၆၈- သက်ရှိ)၊
(၁၀) (၂၀၀၃) မြိုင် စွန်းလွန်းဆရာတော် အရှင်သုန္ဒရ (၁၉၅၅- သက်ရှိ)၊
(၁၁) (၂၀၀၃) ရမ္မာဝတီဆရာတော် အရှင်ဣန္ဒပါလ (၁၉၆၀- သက်ရှိ)၊
(၁၂) (၂၀၀၉) စစ်ကိုင်းဆရာတော် အရှင်အဘိဇာတာဘိဝံသ (၁၉၆၈-၂၀၂၂)၊
(၁၃) (၂၀၁၁) ဘုတလင်ဆရာတော် အရှင်ဣန္ဒာစရိယ (၁၉၆၄- သက်ရှိ)
(၁၄) (၂၀၁၆) ကမ္ဘောဇဆရာတော် အရှင်ဝိရိယာနန္ဒ (၁၉၇၀- သက်ရှိ)
တို့ ဖြစ်ကြသည်။
အာလုံးသတ္တ၀ါတွေ ဘေးရန်ကင်းကြပါစေ။
စိတ်ဆင်းရခြင်း ကင်းကြပါစေ။
ကိုယ်ဆင်းရခြင်းကင်းကြပါစေ။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာစွာဖြင့် မိမိတို့ ခန္တာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။
Thank you for watching.
Please subscribe my channel.
Негізгі бет Ойын-сауық မြန်မာနိုင်ငံမှာ ပိဋကတ်အကျွမ်းဆုံး ဆရာတာ်ကြီးများ
Пікірлер: 10