မြန်မာ့သိုင်း (ဗန်တို) အခြေခံ လက်သီးထိုး (၆)မျိုး
+++++++++++++++++++++++
ဒီဗီဒီယိုဖိုင်မှာ ဗန်တိုပညာရပ်ထဲက အခြေခံကျဆုံး လက်သီးထိုး (၆)မျိုးကို ပြထားပါတယ်။
(၁) ဖြောင့်လက်သီး
(၂) ဝိုက်လက်သီး
(၃) ပင့်လက်သီး
(၄) လက်ပြန်လက်သီး
(၅) ပေါက်လက်သီး
(၆) ထုလက်သီး
ဒါတွေက လက်သီးထိုးတဲ့ လမ်းကြောင်းပေါ်မူတည်ပြီး လက်သီး အမျိုးအစားခွဲထားတဲ့ အခြေခံလက်သီးတွေဖြစ်ပါတယ်.. ဒီလက်သီး(၆)လုံးကို ဘယ်ညာတွဲလုံးလိုက် ဆက်တိုက် ထိုးတတ်အောင် လေ့ကျင့်ယူရမှာဖြစ်ပါတယ်။ ပထမနည်းစနစ်မှန်ဖို့ ဒုထိယ လျှင်မြန်ဖို့ လိုအပ်ပါတယ်။
မည့်သည့်ကိုယ်ခံပညာရပ်မှာမဆို လက်သီးဆိုတာ တိုက်ခိုက်တဲ့နေရာမှာ အရေးပါတဲ့ အသုံးများတဲ့ ခန္ဓာလက်နက် တစ်ခုဖြစ်ပါတယ်။
မြန်မာ့သိုင်း ဗန်တိုပညာရပ်မှာတော့ နောက်ထပ် လက်သီး နဲ့ပတ်သက်ရင် လက်သီးဆုပ်ပုံဆုပ်နည်းနဲ့က စပြီး လက်သီးအမျိုးအစားကို ခွဲခြားလို့ရပါသေးတယ်။
(၁) ရိုးရိုးလက်သီး (အပြည့်ဆုပ်လက်သီး)
(၂) နှစ်ဆစ်ချိုးလက်သီး
(၃) လက်သီးချွန်
လက်သီးကို အပြည့်ဆုပ်ရင် ရိုးရိုးလက်သီး။
လက်ဝါးဖြန့်ပြီး လက်သီးကို အပြည့်မဆုပ်ပဲ လက်ချောင်းလေးတွေကို နှစ်ဆစ်ချိုးဆုပ်ပြီး အသုံးပြုတိုက်ခိုက်မယ်ဆိုရင် နှစ်ဆစ်ချိုးလက်သီးလို့ခေါ်ပါတယ်။ အနူလက်သီးဆုပ်လို့လဲခေါ်ပါတယ်။
တဖန် လက်သီးကို ရိုးရိုးမဆုပ်ဘဲ၊ လက်ခလယ်တစ်ချောင်းကို နှစ်ဆစ်ချိုး ထားပြီး ကျန်လက်ချောင်းကလေးတွေနဲ့ ညှစ်ဆုပ်တဲ့လက်သီးမျိုးကို လက်သီးချွန်လို့ခေါ်ပါတယ်။
လက်သီးမဝင်တဲ့ နေရာတွေကို သူကဝင်ပါတယ်။ ရိုးရိုးလက်သီးမတိုးတဲ့နေရာတွေကို သူကတိုးပါတယ်။ အချို့ချက်ကောင်းနေရာတွေက ရိုးရိုးလက်သီးနဲ့ ထိုးရင် စူးစူးဝါးဝါးမနာကြင်ပေမယ့်… လက်သီးချွန်တို့ နှစ်ဆစ်ချိုးလက်သီးတို့နဲ့ အထိုးခံရရင်တော့ ခံနိုင်စွမ်းမရှိအောင် စူးရှနာကြင်စေပါတယ်။
ခန္ဓာကိုယ်ရဲ့ အပျော့ပိုင်းနေရာ၊ အကြောဆုံနေရာ၊ အဆစ်အဆက်နေရာ၊ အရိုးနုနေရာ အရိုးကြားနေရာတွေဟာ လက်သီချွန်တို့ နှစ်ဆစ်ချိုးလက်သီးတို့နဲ့ တိုက်ခိုက်လို့ကောင်းတဲ့နေရာကောင်းတွေဖြစ်ပါတယ်။
ဗန်တိုသမားမှန်ရင် ရိုးရိုးလက်သီးသာမက နှစ်ဆစ်ချိုးလက်သီးနဲ့ လက်သီးချွန်တွေကိုပါ အရေးကြုံရင် အသုံးချတတ်အောင် လေ့ကျင့်ထားသင့်ပါတယ်..။ လက်သီးတစ်မျိုးတည်းဆုပ်တတ်ထိုးတတ် အသုံးပြုတတ်သူထက် လက်သီးမျိုးစုံဆုပ်တတ် ထိုးတတ် အသုံးပြုတတ်သူက တကယ့်အရေးမှာ တပမ်းသာပါတယ်။
Негізгі бет မြန်မာ့သိုင်း အခြေခံလက်သီးထိုး (၆)မျိုး (Basic 6 punches- Thaing Bando)
Пікірлер: 25