(Unicode)
မြေနီကုန်း (မြောက်) ရပ်ကွက်တွင် ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ညပိုင်းက လူစိမ်းများ ဖမ်းဆီးရမိ
ရန်ကုန် - ဖေဖော်ဝါရီ - ၁၄၊ ၂၀၂၁
ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မြေနီကုန်း (မြောက်) ရပ်ကွက်အတွင်းမှာ သူစိမ်း လူတွေ ဝင်ရောက်လာတာကြောင့် ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီဖမ်းဆီးရမိမှုမှာ အသက်(၁၈)နှစ်အရွယ် လူငယ်တစ်ဦးအပါအဝင် စုစုပေါင်း (၄) ဦးကို ရပ်ကွက်နေပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်အတွင်းမှာ နေထိုင်သူတွေက ပြောပါတယ်။ အဲ့ဒီ့ ဖမ်းဆီးရမိသူတွေကိုတော့ မျက်ခုံးမွှေးရိတ်ပြီး ကတုံးတုံးကာ စမ်းချောင်းရဲစခန်းကို ရပ်ကွက်နေပြည်သူတွေက သွားရောက်ပို့ဆောင်ခဲ့ပါတယ်။ ရပ်ကွက်တွေ အတွင်းကို လူစိမ်းဝင်ရောက်မှုတွေကြောင့် ရပ်ကွက်နေပြည်သူတွေ ဝိုင်းဝိန်းဖမ်းဆီးမှုတွေဟာ မြို့ကြီးအချို့တွေမှာ ဖြစ်ပွားနေပါတယ်။
(Zawgyi)
Негізгі бет မြေနီကုန်း (မြောက်) ရပ်ကွက်တွင် ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ညပိုင်းက လူစိမ်းများ ဖမ်းဆီးရမိ
Пікірлер