မြေပြန့်ဒေသမှာ ခရိုင်တစ်ခုလုံးလွတ်မြောက်လာတော့မယ့် သပိတ်ကျင်း
**********************
ကောင်းချစ်အောင်
ဩဂုတ် ၃၁၊ ၂၀၂၄။
ခေတ်အဆက်ဆက် မြို့ပြနိုင်ငံတွေထူထောင်ရာမှာ အင်အားဗဟိုချက်ဖြစ်ခဲ့တဲ့ အလယ်ပိုင်းမြေပြန့်ဒေသဟာ ခုလက်ရှိမှာလည်း စစ်ကောင်စီတဖြစ်လဲ မြန်မာစစ်တပ် အင်အားထုထည်ကြီးမားစွာရှိနေတဲ့ဒေသဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၅ရက်မှာ တကျော့ပြန်စတင်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲတွေကနေတဆင့် တော်လှန်ရေးတပ်တွေဟာ အလယ်ပိုင်းဒေသကို ထိုးဖောက်ဝင်ရောက်လာနေတာ ဖြစ်ပါတယ်။
ရှမ်း-မန်းစစ်ဆင်ရေး နှစ်လတာအတွင်း တော်လှန်ရေးတပ်တွေဟာာ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းထဲက သပိတ်ကျင်းခရိုင်တစ်ခုလုံးနီးပါးကို ထိန်းချုပ်လိုက်နိုင်ပြီး တိုင်းမြို့တော် မန္တလေးမြို့ကို စစ်ရေးအရ ဖိအားပေးထားနိုင်နေပါတယ်။
Негізгі бет မြေပြန့်ဒေသမှာ ခရိုင်တစ်ခုလုံးလွတ်မြောက်လာတော့မယ့် သပိတ်ကျင်း
Пікірлер: 9