ဒီကနေ့ဟာ မြန်မာ့ ဒီမိုကရေစီ ရဲ့ မီးရှုး တန်ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့ ရက်မြတ် ဖြစ်ပါတယ်။ ၂၀၂၁ အာဏာသိမ်းကာလပြီးနောက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နေအိမ် အကျယ်ချုပ်နဲ့ အကျဥ်းထောင်အတွင်း ဖြတ်သန်းခဲ့ရတဲ့ လေးကြိမ်မြောက် မွေးနေ့လည်း ဖြစ်ပါတယ်။ နေဝင်ညကို ကူးဖြတ် ပြီးမှ ရောင်နီလာတဲ့ နေ့သစ်ကို ရောက်မယ်လို့ ဆိုပေမယ့်လည်း အိပ်မက်ဆိုးများနဲ့ မြန်မာနိုင်ငံအတွက်တော့ ညတာဟာ ရှည်လွန်းလှပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံသားတွေရဲ့ တော်လှန်ဇွဲ သတ္တိတွေဟာ ကောက်ရိုးမီးမဟုတ် ဝုန်းကနဲ တောက်လောင်ပြီး ပြန်ကျ သွားတာမျိုးမဟုတ်ဘဲ ဖွဲမီးလို ဆုံးခန်းတိုင်ထိ တမြည့်မြည့် လောင်ကျွမ်းနေမှာ ဖြစ်ကြောင်း ဆက်လက် သက်သေ ပြခြင်းကသာ ကျနော်တို့ ချစ်တဲ့ အမေအတွက် အကောင်းဆုံး မွေးနေ့လက်ဆောင်ပဲဖြစ်ပါလိမ့်မယ်။
Негізгі бет နရသိန်တွင်းသို့ မွေးနေ့လက်ဆောင်
Пікірлер: 3