နယူးဇီလန် ရေတပ်ရဲ့ ရေယာဉ်တစ်စီးကို ပထမဆုံးအကြိမ် ပင်လယ်ပြင်မှာ ဆုံးရှုံး
People's Spring
ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ရေတပ်သင်္ဘော တစ်စီးကို ပထမဆုံးအကြိမ် ပင်လယ်ပြင်မှာ ဆုံးရှုံးခဲ့ရကြောင်း နယူးဇီလန်က အတည်ပြု ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တော်ဝင် နယူးဇီလန် ရေတပ်ရဲ့ သုတေသနနဲ့ ရေငုပ် စစ်ဆင်ရေးတွေကို ကိုင်တွယ် လုပ်ဆောင်ရာ HMNZS Manawanui သင်္ဘောဟာ ဆာမိုအာကမ်းလွန်၊ ယူပိုလာကျွန်းနားမှာ သန္တာကျောက်တန်း တစ်ခုကို စစ်ဆေးနေရင်း ပြဿနာကြုံပြီး သောင်တင်ခဲ့ပါတယ်။
အဲဒီနောက် ရေယာဉ်မှာ မီးစွဲလောင်ကျွမ်းခဲ့ပြီး နောက်ဆုံးတော့ တိမ်းမှောက်သွားခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာ ၅ ရက်နေ့မှာ သင်္ဘောက စတင် သောင်တင်ခဲ့တာဖြစ်ပြီး ရေယာဉ် အဖွဲ့သား ၅ ဦးစလုံးဟာ အောက်တိုဘာ ၆ ရက်နေ့ မနက် အစောပိုင်းတုန်းက အသက်ကယ်လှေတွေနဲ့ ဘေးကင်းကင်း ရွှေ့ပြောင်းနိုင်ခဲ့ကြပါတယ်။
HMNZS Manawanui ဘာကြောင့် သောင်တင်ခဲ့သလဲ ဆိုတာကို အတိအကျ မသိရသေးဘဲ စုံစမ်းမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ ရေတပ်က ပြောပါတယ်။ ကနဦး အဆင့်မှာတော့ ပင်လယ်ပြင်မှာ လှိုင်းကြီးပြီး လေထန်နေတဲ့ ရာသီဥတုကြောင့် ပြဿနာ ကြုံခဲ့တာလို့ ယူဆထားပါတယ်။
ကာကွယ်ရေး ဝန်ကြီး ဂျူဒစ်သ် ကောလင်းစ်က ရေတပ်အတွက် ကြေကွဲစရာ နေ့တစ်နေ့လို့ ရည်ညွှန်းခဲ့ပေမယ့် ရေယာဉ် အဖွဲ့သားအားလုံး အန္တရာယ် ကင်းလို့ ဝမ်းသာမိကြောင်း၊ အန္တရာယ် များလှတဲ့ အခြေအနေ တစ်ခုမှာ အဖွဲ့သားတွေက သူတို့ရဲ့ လေ့ကျင့်မှုတွေနဲ့ ရဲစွမ်းသတ္တိကို ပရော်ဖက်ရှင်နယ် ပီသစွာ ပြသနိုင်ခဲ့လို့လည်း အားလုံး ဘေးကင်းခဲ့တာလို့ ယုံကြည်ကြောင်း ပြောကြားသွားပါတယ်။
HMNZS Manawanuiဟာ ဒုတိယ ကမ္ဘာစစ်ကစလို့ ရေတပ် စစ်ဆင်ရေးတွေမှာ ပါဝင်ဆင်နွှဲခဲ့ဖူးပြီး ရေတပ်သင်္ဘော တစ်စီးကို ပင်လယ်ပြင်မှာ ဆုံးရှုံးခဲ့ရတာကတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
သမိုင်းတလျှောက် နယူးဇီလန် ရေတပ်ဟာ လူလုပ် သန္တာကျွန်းတုတွေ၊ ဒါမှမဟုတ် အပျော်တမ်း ရေငုပ်တဲ့ နေရာတွေ ဖန်တီးဖို့အတွက် ရေယာဉ်တချို့ကို ရည်ရွယ်ချက်ရှိရှိ နှစ်မြှုပ်ခဲ့တာတွေတော့ ရှိခဲ့ဖူးပါတယ်။
လက်ရှိမှာတော့ ရေတပ်ဟာ HMNZS Manawanuiကို ပြန်လည် ဆယ်ယူဖို့၊ သဘာဝ ပတ်ဝနး်ကျင် ထိခိုက်နိုင်ခြေကို နည်းနိုင်သမျှနည်းအောင် ထိန်းသိမ်းဖို့ စီစဉ်နေပါတယ်။
ကိုးကား: BBC
#ludunwayoo #လူထုနွေဦး #NewsUpdate
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - www.ludunwayoo...
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - t.me/peoplespring
Негізгі бет နယူးဇီလန် ရေတပ်ရဲ့ ရေယာဉ်တစ်စီးကို ပထမဆုံးအကြိမ် ပင်လယ်ပြင်မှာ ဆုံးရှုံး | People's Spring
Пікірлер: 13