ငရဲမှာ အတူရုန်းလို့ ပြိုင်ချောကြရအောင် (Opinion/ရုပ်သံ)
~~~~~~~~~~
ဒီခေတ်ကြီးထဲမှာ တန်ဖိုးကြီးပစ္စည်းတွေ ဝယ်သုံးရမှာကို ရှက်လာတယ်လို့ သူကဆိုတော့ ကျနော့်စိတ်ထဲ လှိုက်ခနဲ ဖြစ်ရတယ်။ အွန်လိုင်းမိတ်ဆွေတစ်ဦးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ရေးတဲ့ ပို့စ်။
သူနဲ့ကျနော်က အပြင်မှာ မမြင်ဖူးကြပေမဲ့ ဖေ့စ်ဘွတ်ခ်ဖရန့်ဖြစ်နေတာ တော်တော်ကြာပြီ။ သူက ရန်ကုန်မြို့မှာ ငွေကြေးပြည်စုံစွာနဲ့ ဖြတ်သန်းနေတဲ့ အမျိုးသမီးငယ်။ ကျနော့်စိတ်ထင် အသက် ၃၀ တောင် ကျော်ဦးမယ်မထင်။ စာနာစိတ်ရှိသူ၊ အမှန်ကိုချစ်သူ။
အခုဇူလိုင်လအတွင်း ညနေခင်းတစ်ခုမှာလည်း မြေနီကုန်းဘက် လမ်းလျှောက်လာရင်းနဲ့ ဒဂုံစင်တင် ရှေ့အရောက် အငွေ့တထောင်းထောင်းထ ပြောင်းဖူးပြုတ်နဲ့ ကန်ဇွန်းဉပြုတ်ရောင်းတဲ့ ဆိုင်ရှေ့အရောက် စား ချင်လို့ပူဆာနေတဲ့ ကလေးလေးတစ်ယောက်ရဲ့အသံကို သူကြားမိတယ်။ အမေဖြစ်သူက ပိုက်ဆံအိတ်ကလေး ဖွင့်ပြကာ ဒီဟာ ဝယ်ကျွေးလိုက်ရင် ပြန်စရာကားခ မလောက်တော့လို့ပါတဲ့။ ငိုသံစွက်ထားတဲ့ အဆူလေးနဲ့။ စားချင်တာ မစားရတဲ့ကလေးငယ်လေးခမျာ ငိုမဲ့မဲ့။
ဒါနဲ့၊ သူ့စိတ်ထဲ ဖြတ်ခနဲပေါ်လာတဲ့အတိုင်း ကလေးငယ်လေးကို လက်တို့၊ သူတို့သားအမိ မျက်နှာမ ငယ်၊ အားလည်း မနာရလေအောင် “အစ်မလည်း စားချင်နေတာ တစ်ယောက်တစ်ဝက်စားကြမလား”လို့ဆို ကာ ကန်စွန်းဉနှစ်ဗူးနဲ့ ပြောင်းဖူးပြုတ်တစ်ဖူး ဝယ်ပေးလိုက်တယ်တဲ့။ သားအမိနှစ်ယောက် သိပ်ကို ပျော်လို့။
……………
ထွန်းလင်း ရေးသားတဲ့ “ငရဲမှာ အတူရုန်းလို့ ပြိုင်ချောကြရအောင်” အတွေးအမြင် ဆောင်းပါးကို နွေဦးမောင်မောင် ရွတ်ဖတ်တင်ဆက်ထားတာ ဖြစ်ပါတယ်။ ငွေမောင်းသံ ပရိတ်သတ်ကြီး နားဆင်ကြည့်ရှုနိုင်ကြဖို့ တင်ဆက်လိုက်ရပါတယ်။
#ငွေမောင်းသံ မီဒီယာ
Негізгі бет ငရဲမှာ အတူရုန်းလို့ ပြိုင်ချောကြရအောင် (Opinion/ရုပ်သံ)
Пікірлер: 32